.ဒေါက်တာ park ရဲ့ဆေးစတိုခန်းကိုစစ်ဆေးပေးတဲ့ဝန်ထမ်း အရေးပေါ်ခွင့်ယူသွားတာကြောင့် jennie ဆေးခန်းမှာအလုပ်ဝင်ရသည်။ ဒီရက်ပိုင်း lisa တို့နဲ့အလုပ်အတူမသွားနိုင်။
"ရောက်လာပြီလား jennie..."
"ဟုတ်ကဲ့..."
"ဒါကစတိုမှာရှိတဲ့ ဆေးပစ္စည်းစာရင်းတွေ။ ဒီထောင်မှာ အင်္ဂလိပ်စာကောင်းကောင်းဖတ်နိုင်တာ jennie ပဲရှိလို့ အကူညီတောင်းလိုက်ရတာ..."
"ရပါတယ်..."
"အသုံးပြုလိုက်တဲ့ဆေးတွေနဲ့ လက်ကျန်ဆေးစာရင်းကို သေသေချာချာမှတ်ထားပေးနော်..."
"စိတ်ချပါ chae..."
ဆေးခန်းမှာအချိန်အတော်ကြာအောင်အလုပ်လုပ်ရသည်။ ဒီကထောင်သားတွေဟာလဲ အားအားရှိရောဂါဖြစ်နေလို့ အင်မတန်အလုပ်ရှုပ်တဲ့နေရာသည် park chaeyoung ရဲ့ဆေးခန်းပင်ဖြစ်၏။
"jennie ဒီစာရင်းအတိုင်း ဆေးတွေထုတ်ပြီး ဒေါက်တာ park ဆီသွားပို့ပေးလို့ရမလား??? ဒီမှာသွေးဖောက်ပေးရမယ့် လူနာတွေများနေလို့..."
"ရတယ်လေ သွားပေးလိုက်မယ်..."
nurse ပေးတဲ့စာရွက်အတိုင်း ဆေးတွေကိုထုတ်ယူပြီး ဒေါက်တာ park chaeyoung ဆီကိုသွားခဲ့သည်။
"ဒေါက်တာ park တောင်းထားတဲ့ဆေးတွေ ဒီမှာရပါပြီ.."
"အဲ့ဒီမှာပဲထားခဲ့လိုက်ပါ။ ဒါနဲ့ Jennie လူနာကိုတစ်ချက်လောက်ချုပ်ထားပေးလို့ရမလား.??"
ဆေးထိုးတာကိုရုန်းနေတဲ့ ထောင်သားကြောင့် ဒေါက်တာမလေးအတော်ချွေးပြန်နေပုံပဲ၊ သူ့ကိုကူညီဖို့အတွက် ကုတင်ပေါ်တက်ပြီး ဆေးထိုးမခံချင်တဲ့မိန်းမကိုခွထိုင်ထားလိုက်သည်။ ပြစ်မှုကျတော့ကျူးလွန်တတ်သလောက် ဆေးထိုးအပ်ကျတော့ကြောက်တတ်နေလိုက်တာများ မြင်လို့တောင်မကောင်း...။
"ကျေးဇူးပဲ jennie..."
"ရပါတယ်..."
"ဒီမှာခဏစောင့်နေ.. တို့ မင်းကိုကော်ဖီဖျော်တိုက်မယ်..."
"မသောက်တော့ပါဘူး...
chae လဲအလုပ်များနေတာဆိုတော့...""အခုကြည့်စရာလူနာမရှိတော့ပါဘူး။ jennie ကကော်ဖီကြိုက်တယ်လို့ Jisoo ပြောတယ်။ ကျေးဇူးတင်တဲ့အနေနဲ့တစ်ခွက်လောက်တိုက်ချင်လို့။ ဘာလဲ တို့ ဖျော်တဲ့ကော်ဖီက jisoo ဖျော်တဲ့ကော်ဖီလောက်မကောင်းမှာစိုးလို့လား..???"
YOU ARE READING
Tomorrow never dies
FanfictionUnicode ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ် . Zawgyi ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ်