15

2.9K 384 11
                                    



.

​တံခါးဖွင့်သံကိုကြားပေမယ့် လူကနဲနဲလေးမှမလှုပ်နိုင်။ မနေ့ကမိုးရေထဲလဲပြေးလွှားခဲ့ရပြီး ရေစိုဝတ်နဲ့အချိန်အတော်ကြာအောင်နေခဲ့မိတဲ့အကျိုးဆက်တွေကို ယခုခံစားနေရတာကြောင့်...။

"ထအုံး..."

Lisa ရောက်လာပြီး အိပ်ယာပေါ်မှာခွေခွေလေးလှဲနေတဲ့
လူကိုထိုင်နိုင်ဖို့ကူညီပေးသည်...။

"ဒီနေ့တော့အလုပ်မဆင်းနိုင်လောက်ဘူး Lisa ya!!
ငါ့အတွက် ခွင့်ယူပေးပါလား.."

"အလုပ်သွားဖို့လာခေါ်တာမဟုတ်ဘူး။
နင့်ကိုဆန်ပြုတ်တိုက်မလို့.."

လက်တစ်ဖက်မှာကိုင်ထားတဲ့ အငွေ့တထောင်းထောင်းနဲ့ ဆန်ပြုတ်ပန်းကန်ကိုအေးအောင်အရင်လုပ်ပြီး...။

"ငါခွံ့ကျွေးမယ်နော်..."

ခေါင်းငြိမ့်လိုက်တော့၊ lisa ခွံ့ကျွေးတဲ့ဆန်ပြုတ်ကိုလဲကောင်းကောင်းသောက်ခဲ့ရပါသည်။

"ဒီဆန်ပြုတ်က ဘယ်ကနေရလာတာလဲ???"

"လွယ်လွယ်လေး မီးဖိုဆောင်ကိုလုပ်ခိုင်းလိုက်တာပေါ့.."

"Lisa ya.. ငါ့ကြောင့်နင့်ပိုက်ဆံတွေကုန်သွားရပြီ..."

ထောင်ထဲကဘဝဆိုတာလဲ အပြင်ကဘဝလိုပါပဲ။ အရာရာကိုငွေနဲ့ဖြေရှင်းမှပဲရတာ။

"ငါထပ်ရှာလို့ရတာပဲဟာ... နင်စားချင်တာရှိရင်လဲပြော မီးဖိုဆောင်ကိုလုပ်ခိုင်းလိုက်မယ်..."

"ဘာမှစားချင်စိတ်မရှိပါဘူး။ အခုကထမင်းစားချိန်ရောက်နေပြီမလား နင်ရောဘာစားပြီးပြီလဲ..."

"ငါကကိစ္စမရှိဘူး။ နင့်ကိုဆန်ပြုတ်တိုက်ပြီးပြီဆိုတော့ ဆေးခန်းလိုက်ပို့ပေးမလို့။ မြန်မြန်သက်သာသွားအောင် chae ဆီသွားရအောင်နော်..."

"မလိုပါဘူး။ အနားယူလိုက်ရင်ကောင်းသွားလိမ့်မယ်။ နင်သာထမင်းသွားစားစမ်းပါ တော်ကြာဘာမှမကျန်ပဲနေမယ်...."

သတ်မှတ်ထားတဲ့အချိန်အတွင်းလာရင်လာ မလာရင် နောက်လူအတွက်ချန်ထားရိုးထုံးစံမရှိတဲ့စနစ်ကြောင့် ပြောလိုက်ပြီး၊ ကုတင်ပေါ်ကနေမတ်တပ်ရပ်ဖို့လုပ်တော့ ခေါင်းထဲမိုက်ခနဲဖြစ်သွားသည်။
အဖျားဝင်ရင် အဲ့ဒီလိုပဲကိုယ်ခံအားနည်းလာတာလား..။

Tomorrow never diesWhere stories live. Discover now