14

3K 392 13
                                    



.


နှစ်စဉ်အစိုးရကအကျဉ်းထောင်တွေကိုပေးတဲ့ ဘဏ္ဍာငွေဆိုတာရှိပြီး၊ ထိုငွေတွေကိုတော့ထောင်ပိုင်ကပဲထိန်းချုပ်ထားသည်။ ဘဏ္ဍာစရိတ်ကို အစိုးရဆီကနေနှစ်စဉ်တိုးမြှင့်တောင်းခံလျှက်ရှိကြောင်း သတင်းစာတွေမှာဖတ်ခဲ့ရသော်လည်း အကျဉ်းထောင်ရဲ့နေရာတော်တော်များများမှာတော့ အဟောင်းအစုတ်တွေနဲ့သာပြည့်နှက်နေတာကိုကြည့်လျှင် ခေတ်အဆက်ဆက်ကမပြောင်းလဲတဲ့အရာတွေထဲမှာ လာဒ်စားမှုပြသာနာဟာလဲပါဝင်နေတာပင်...။

မနှစ်ကဒီအကျဉ်းထောင်မှာသဘာဝဘေးအန္တရာယ်နဲ့ရင်ဆိုင်ရပြီး ပျက်ဆီးဆုံးရှုံးမှုတွေလဲရှိတယ်လို့ကြားသိခဲ့ရသည်။ ဒီအကြောင်းကိုအစိုးရထံသေချာပေါက်တင်ပြရမှာဖြစ်သလို၊  အစိုးရကလဲ အကျဉ်းထောင်ရဲ့ပြုပြင်စရိတ်ဘဏ္ဍာငွေကိုမဖြစ်မနေချပေးလိမ့်မည်။ သို့သော် တစ်နှစ်သာကြာသွားခဲ့ပြီး အခြေအနေကတော့အဟောင်းကိုပြန်လည်ပြုပြင်နေရဆဲ။ တခြားမှာနေရာတွေမှာဆိုရင်ပြသာနာမဟုတ်ပေမယ့် အန္တရာယ်ရှိတဲ့နေရာတွေမှာ အကျဉ်းသားတွေကိုခိုင်းစေနေတာဟာ တက္ကသိုလ်ကျောင်းသူပီပီ jennie မခံနိုင်ပါ။ သူတို့လဲလူသားတွေထဲကလူသားပေပဲမို့။ လူသားချင်းစာနာမှုတို့ လူ့အခွင့်အရေးတို့ဆိုတာဘယ်နားသွားထားသလဲ...။

"မိုးတွေဒီလောက်ရွာနေတာကို နင်မသွားလို့မရဘူးလား Lisa ya!! ဒါမှမဟုတ် Kim Jisoo ကနေတစ်ဆင့် ထောင်ပိုင်ကိုတွေ့ခွင့်တောင်းပြီး ဖြစ်နေတဲ့အခက်အခဲကိုတင်ပြလိုက်မယ်ဆိုရင်ရော??..."

"မရဘူး jennie။ ထောင်ပိုင်ကိုတွေ့ခွင့်ရဖို့ကမသေချာဘူး။ တွေ့လို့ရခဲ့ရင်တောင် ငါတို့စကားကိုဘယ်သူကမှအဖက်လုပ်ကြမှာမဟုတ်ဘူး.."

"မကြိုးစားကြည့်ရသေးပဲနဲ့ မဖြစ်နိုင်ဘူးမပြောစမ်းပါနဲ့ .."

"ဒီအကြောင်းနောက်မှဆက်ပြောမယ်။ အခု မီးပြန်လာဖို့ကအရေးကြီးတယ်။ အဲ့ဒါငါ့တာဝန်ပဲ.."

"ya!!! တာဝန်ဆိုပေမယ့်လဲ နင့်အတွက်အန္တရာယ်ရှိလို့ပြောနေတာလေ.."

ပြုပြင်ရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေထည့်ထားသည့်အိတ်ကို လွယ်လိုက်တာကြောင့်၊ လှမ်းဆွဲထားမိလို့ မျက်ထောင့်နီကြီးနဲ့ကြည့်လာသည်..။

Tomorrow never diesWhere stories live. Discover now