21

3.9K 411 44
                                    


.

အခန်းရှေ့မှာဟိုကြည့်ဒီကြည့်လုပ်နေတဲ့ ရဲမေကိုသတိထားမိသည်။ အဲ့ဒီအနားကို Lisa ထသွားတာကြောင့် ဘာလုပ်မလဲဆိုပြီးစောင့်ကြည့်နေခဲ့တာ။
လက်ထဲမှာကျစ်နေအောင်ဆုပ်ထားတဲ့ပိုက်ဆံကို ကွယ်ဝှက်ပြီးပေးလိုက်တော့ ရဲမေလဲသံတိုင်ကြားထဲမှာ စာအုပ်တစ်အုပ်ပြန်ညှပ်ပေးသွားသည့် မြင်ကွင်းအစအဆုံးဟာမျက်စိရှေ့မှာ...။
လိုချင်တဲ့ပစ္စည်းဆိုရင် ထောင်ထဲကိုဒီပုံစံနဲ့ပဲခိုးသွင်းရတာဆိုတော့ သိပ်ပြီးထူးဆန်တဲ့ကိစ္စရပ်မဟုတ်။ ထူးဆန်းတာက Lisa ဘာစာအုပ်တွေသွင်းနေတာလဲဆိုတာပဲ။
အပေးအယူကိစ္စပြီးဆုံးတော့ အခန်းရှေ့ကနေရဲမေထွက်သွားသလို စာအုပ်ယူပြီးပြန်လာတဲ့လူကို...။

"အဲ့ဒါဘာစာအုပ်လဲ??"

ဒီရက်ပိုင်း စာအုပ်တွေကိုဒီနည်းလမ်းနဲ့သွင်းနေတာ သတိထားမိလို့မေးကြည့်လိုက်တာ ပြန်မဖြေပဲစာအုပ်ကိုသာအာရုံစိုက်နေတာကြောင့် ဘာစာအုပ်မို့ အဲ့ဒီလောက်အသည်းအသန်ဖြစ်နေတာလဲ...။

"lisa ya!! ငါမေးတာဖြေအုံးလေ.."

"kim jennie... ထွက်လာခဲ့!!!!..."

အခန်းတံခါးပွင့်သွားတာနဲ့အတူ အထဲကိုရဲမေနှစ်ယောက်ဝင်လာပြီး လက်ထိပ်ခတ်တော့...။

"နင်တို့ သူ့ကိုဘယ်ခေါ်သွားမလို့လဲ..???"

"kim jennie ဧည့်သည်တွေ့ချိန်.."

အဲ့ဒီတော့မှ lisa နောက်ကိုဆုတ်သွားသည်။ ရဲမေတွေခေါ်တဲ့နောက်ကိုလိုက်မသွားပဲ ရပ်နေတာကြောင့်..။

"သွားလေ.. ဘာလုပ်နေတာလဲ???..."

"ငါမတွေ့ချင်ဘူး..."

ဂျရမီဆိုတဲ့လူ ခေါင်းထဲတန်းဝင်လာတာနဲ့ ဒီအခန်းထဲကနေ တစ်ဖဝါးမှမခွါချင်တော့ပါ။ အရင်တစ်ခါထဲက လာတွေ့စရာမလိုတဲ့အကြောင်းပြောထားပြီးသားမလား။

"လာတွေ့တဲ့လူက ဘယ်သူလဲဆိုတာသိလို့လား.??"

"သူဘယ်သူဖြစ်ဖြစ် မတွေ့ချင်ဘူး။
ငါ့ကိုလက်ထိတ်ပြန်ဖြုတ်ပေး..."

အကျဉ်းသားရဲ့ဆန္ဒကိုလျစ်လျူရှုလို့မရတာကြောင့် ခတ်ထားတဲ့လက်ထိတ်ကို ရဲမေပြန်ဖြုတ်ပေးသည်..။

Tomorrow never diesWhere stories live. Discover now