6

3.2K 412 9
                                    


.

"wowww.!!! ရေရေလည်လည်ကိုမိုက်တာပဲ..."

ဝင်လာတဲ့ မိန်းမသုံးယောက်ဟာ ရိုင်းစိုင်းလွန်းသည်။ အသံမပေးဘာမပေးပဲဝင်လာရုံနှင့်မျှမကသေး။ လူကိုသရဲဘီလူးစီးသလိုကြည့်နေတာဟာ အမှန်ဆို သူတို့ခန္ဓာကိုယ်နဲ့ရော ဘာတွေများထူးပြီးကွာခြားသွားလို့လဲ။ သူတို့လဲ jennie လိုမိန်းမပဲဟာ...။

"ဒီလောက်လှတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာ.. မင်း အားကစားတွေဘာတွေလုပ်ထားသလား??? ကြည့်လို့ကောင်းလွန်းလို့ သေချာလေးလှည့်ပြပါအုံး..."

စကားနဲ့တင်မဟုတ်ဘူး။ လူကိုထိပါးဖို့ပါကြိုးစားလာတာကြောင့် အဝတ်အစားအမြန်ဝတ်ရသည်။
ရေဆက်ချိုးဖို့ကမဖြစ်နိုင်တော့ဘူးလေ...။

"နေ့တိုင်းဒီလိုပဲ ရေခိုးချိုးနေတာလား???..."

"အဲ့ဒါကြောင့် ရေချိုးတိုင်း..
လူသစ်ကိုမတွေ့ပါဘူးလို့ထင်နေတာ ထင်တဲ့အတိုင်းပဲ"

"မင်းက လူများတာမကြိုက်ဘူးဆိုတော့.. နောက်နေ့ကစပြီး ငါတို့လေးယောက်ပဲရေအတူချိုးကြမယ်ဆိုရင် မကောင်းဘူးလား ??..."

လူငွေ့များသည့်ရေချိုးခန်းဟာ သိပ်ရွံစရာကောင်းသလို၊ သူတို့ပြောနေတဲ့ စကားတွေဟာလဲ ထိုနည်း၎င်းပဲ။ ပြသာနာမဖြစ်ချင်လို့ ထွက်သွားမည်လုပ်တော့ ရှေ့ကနေကာဆီးကာဆီးလုပ်နေတာဟာ တမင်သက်သက်ကိုလိုက်နှောက်ယှက်နေကြတာ...။

"နောက်နေ့တွေ ကိုယ်တို့ပါပါမယ်လေ။ ရမလားလို့။
ဒါမှမဟုတ် အခုပဲစလိုက်ကြမလား.."

အနုကြမ်းလဲစီးတတ်သလို၊ အကြမ်းလဲဖက်တတ်သည့် ဤနေရာဟာ Jennie အတွက်တော့ ငရဲခန်းပင်။
ဒီနွေဦးဟာလဲ အရမ်းပဲအကျည်းတန်သည်...။

"ငါ့အသားကိုလာမထိနဲ့..."

"ဟားဟား!! အသားထိရုံမဟုတ်ဘူး...
ငါတို့က မင်းကိုပါစားချင်နေတာ..."

ပုံစံတွေက အစာအငတ်ခံထားရသည့် ခွေးအတွေနဲ့တူသည်။ ဒါကမိန်းမအကျဉ်းထောင်မှဟုတ်ရဲ့လား...။

"ရုန်းရင်မင်းပိုနာမယ်နော်..."

ပြောသလိုမလုပ်နိုင်ပါဘူး။ အလိုတူအလိုပါတော့အဖြစ်မခံနိုင်လို့၊ မသေမချင်း ရုန်းနေအုံးမှာပဲ...။

Tomorrow never diesWhere stories live. Discover now