."kim jennie!!! အချိန် ၅ မိနစ်ရမယ်။
မြန်မြန်လုပ် ပြီးရင် မြန်မြန်ထွက်လာခဲ့..."ဝမ်တစ်သိန်းမပေးရပဲနဲ့ သီးသန့်ရေချိုးခန်းသုံးခွင့်ပေးတဲ့ ရဲမေတွေကစိတ်ဖောက်ပြန်သွားတာလား။
ဘာပဲဖြစ်ဖြစ် jennie အတွက်ကအဆင်ပြေတာပဲမို့...။"ငါပြောတာကြားလား... "
"ကြားတယ်.."
"ကြားရင်လဲမြန်မြန်ဝင်..."
ပေးတဲ့အချိန်က ၅ မိနစ်ထဲဆိုပေမယ့် ဒီ ၅ မိနစ်လေးရတာကိုပဲကျေးဇူးတင်မိသည်။
"ဒီတစ်လလုံး မင်းရေချိုးခန်းကိုသုံးလို့ရတယ်။
ဒါပေမယ့် အချိန် ၅ မိနစ်ပဲရမယ်..""ကျေးဇူးတင်ပါတယ်.."
"ငါ့ကိုကျေးဇူးတင်စရာမလိုဘူး။ သိပ်ပြီးကျေးဇူးတင်ချင်တယ်ဆိုရင်လဲ ပိုက်ဆံပေးတဲ့လူကိုပဲသွားတင်"
ထင်တော့ထင်သား။ သဘောကောင်းတဲ့ ရဲဆိုတာမရှိသလို။ လာဒ်မစားတဲ့ ရဲဆိုတာလဲရှိကိုမရှိပါဘူးလို့။
သူဘယ်သူလဲဆိုတာကိုသိချင်တာကြောင့်...။"ပိုက်ဆံပေးတဲ့လူကဘယ်သူလဲ.??.."
"ဘယ်သူလဲဆိုတာသိချင်တာလား...."
"အင်း..."
"ပိုက်ဆံပေးရင် ပြောပြမယ်..."
ခပ်တိုးတိုးဆိုပေမယ့် ကြားရတဲ့စကားက တကယ်ကိုလူစိတ်မရှိတဲ့စကားပဲ...။
"အစထဲကပိုက်ဆံရှိမှတော့ သူများကူညီပေးစရာတောင်မလိုဘူး"
"ဒါဆိုလဲ ပိုက်ဆံရှာလေ။ မင်းအဖေဆီကတောင်းလဲရတာပဲ ဒါမှမဟုတ် မင်းရည်းစားဆီကတောင်းပေါ့..."
Bitch!! သူတို့က Jennie ရဲ့အကြောင်းကိုဘယ်လိုလုပ်ပြီးသိနေတာလဲ။ Kim Jisoo ရဲ့အခန်းကိုလုံခြုံရေးတိုးမြှင့်ဖို့လိုအပ်နေပြီပဲ။ ဒေါသကိုမနည်းမြိုချထားလိုက်ရတာဟာ မလိုလားအပ်တဲ့ပြသာနာတွေကြောင့် ဒီထဲမှာပိုနေသွားဖို့မဖြစ်လို့..။
.....
"kim jisoo shi..."
ဒီအချိန်ဆို အဆောင်တွေကိုလိုက်စစ်ဆေးပြီးပြန်နေကျဆိုတော့ kim jisoo ကိုမြင်တာနဲ့ သူ့ဆီကိုပြေးသွားလိုက်သည်။
YOU ARE READING
Tomorrow never dies
FanfictionUnicode ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ် . Zawgyi ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ်