.Jennie တို့လိုပြစ်ဒဏ်ခံထားရတဲ့ လူတစ်အုပ်မှလွဲ၍ ကျန်သည့်လူအားလုံးဟာ နားချိန်တွင်အပြင်ထွက်ခွင့်ရသည်။
"ခွေးနှစ်ကောင်ကြောင့် ငါတို့အပြစ်ပေးခံရတာ.."
"ဟုတ်တယ်။ ခွေးစုတ်တွေနောက်တစ်ခါ ကိုက်ရဲကိုက်ကြည့် အသေသတ်ပစ်မယ်.."
ဒုန်း... ဒုန်း!!!!
"f*ck..%|€>*~!}+<€>\?€~*~€}"
သံတံခါးကိုကန်စောင့်ပြီးရန်ရှာနေတဲ့အသံတွေရယ်၊ ဆဲနည်းပေါင်းမျိုးစုံ ဆဲဆိုနေကျသည့်အသံတွေရယ်နဲ့ ဆူညံနေတာကြောင့် နားတွေကိုပိတ်ထားလိုက်သည်။
-စိတ်ညစ်ပါတယ်ဆို သူတို့ကတစ်မျိုး
ကုတင်ပေါ်မှာငုတ်တုတ်ထိုင်ရင်းစဉ်းစားမိတာ ရန်ပွဲမှာအားပေးခဲ့တုန်းကတော့ တက်ညီလက်ညီနဲ့အားလုံးဟာ lisa lisa နဲ့ဖြစ်ခဲ့ပြီး၊ အခုပြစ်ဒဏ်ခံရတော့မှ lisa ကြောင့်တဲ့လား၊ သိပ်ရွံစရာကောင်းတဲ့လူတွေ...။
အဲ့ဒီလိုလူမျိုးတွေဆို jennie သိပ်မုန်းသည်..။"kim jennie ထမင်းလာယူ..."
အခန်းရှေ့မှာ ထမင်းလာပို့တာကြောင့် ထပြီးသွားယူလိုက်သည်။ ထမင်းတောင်ထွက်စားခွင့်မရှိဘူးဆိုတဲ့ ပြစ်ဒဏ်ကတော့ ရက်စက်သည်ဆိုတာအမှန်ပင်။
ဒါပေမယ့် အဲ့ဒါ Lisa ကြောင့်မှမဟုတ်တာ...။......
မျက်နှာချင်းဆိုင်အခန်းက ren ဆိုသည့် မိန်းမရဲ့အခန်းဖြစ်ပြီး၊ နှစ်ရက်ပြည့်ပြီးသွားမှ ပတ်တီးတွေနဲ့ ဆေးရုံကနေပြန်ရောက်လာကာ lisa အခန်းရှိရာဆီကိုမျက်ခြေမပြတ်စောင့်ကြည့်နေတာကြောင့် ရန်ငြိုးထားနေတာလားဆိုတဲ့ အတွေးဟာလဲဝင်ရောက်လာခဲ့သည်..။
"သိပ်မကြာခင် ရန်ပွဲကကြည့်ရအုံးမှာပဲ။ ငါတို့လောင်းကစားတစ်ခုလုပ်ကြည့်မလား jennie.."
အတွေးပင်မဆုံးသေးဘူး အပေါ်ထပ်မှ jessi ပြောလာတော့...။
"ဘာလောင်းမှာလဲ??..."
"ဒီတစ်ခါဖြစ်မယ့် Lisa နဲ့ ren တို့ရဲ့ရန်ပွဲမှာ jennie ဝင်ပါမပါဆိုတာကိုလောင်းမယ်..."
"ဘာကြေးလဲ???"
"ဆေးလိပ်သုံးလိပ်ကြေး..."
ဘာကိုသက်ပြင်းချလို့ချမိလဲမသိပေမယ့်၊ ရန်ဖြစ်ရင် ပြစ်ဒဏ်က နှစ်ထပ်တိုးတယ်မဟုတ်လား...။
YOU ARE READING
Tomorrow never dies
FanfictionUnicode ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ် . Zawgyi ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ်