.ကွင်းပြင်ကျယ်ကြီးတစ်ခုရဲ့ဘေးပတ်ပတ်လည်မှာ အတော်လေးမြင့်မားပြီးထုထည်လဲကြီးမားသည့်မီးခိုးရောင်အုတ်နံရံကြီးတွေနှင့် သံဆူးကြိုးအထပ်ထပ်ကိုကာရံထားကာ၊ အလယ်တွင်မျှော်စင်နှစ်ခုရှိပြီး အဲ့ဒီပေါ်မှာတော့အလှည့်ကျကင်းစောင့်ရဲတွေနဲ့ နေ့ညမပြတ်လုံခြုံရေးတင်းကြပ်ထားတာကိုတွေ့ရသည်။
ထိုမီးခိုးရောင်အုတ်နံရံကြီးတွေရဲ့အတွင်းဖက်မှာ အပြစ်ရှိသည်ဟုယူဆသည့်လူတွေကိုချုပ်နှောင်ထားပြီး အပြင်ဖက်မှာတော့ လွတ်လပ်မှုဆိုတာရှိတယ်လို့တွေးမိတော့ အလိုလိုလှမ်းမိတဲ့ခြေလှမ်းတွေဟာ...
"ဟိုတစ်ယောက် နံရံတွေနဲ့ဝေးဝေးမှာနေစမ်း!!!
မဟုတ်ရင်ပစ်မှာ..."အော်သံနှင့်အတူ သေနပ်တွေနဲ့ချိန်ရွယ်ထားတာကြောင့် လှမ်းနေသည့်ခြေလှမ်းတွေရပ်တန့်သွားပြီး Jennie အဲ့ဒီနံရံတွေရဲ့အဝေးဆုံးဆီကိုပြန်လှည့်ပြေးခဲ့ရသည်။ မပြေးလို့ရမလား သူတို့မှာကလက်နက်တွေနဲ့လေ...။
"အား.."
လဲကျသွားတဲ့လူကို တမင်သက်သက်ဝင်တိုက်တာမဟုတ်ဘူးဆိုတာ သေချာပါသည်။ တကယ်မတော်တဆပါ..။
"နင် သူ့ကိုဝင်တိုက်လိုက်တာမလား.??"
ဘေးကိုမိန်းမနှစ်ယောက်ရောက်လာပြီး စွတ်စွဲနေတာကြောင့် မဟုတ်တဲ့အကြောင်းကိုအမြန်ရှင်းပြရသည်..။
"မဟုတ်ပါဘူး။ ငါတမင်သက်သက်ဝင်တိုက်လိုက်တာမဟုတ်ဘူး။ မမြင်လိုက်လို့ပါ..."
ရှင်းပြရင်း လဲကျနေတဲ့တစ်ယောက်ကို ဆွဲထူပေးဖို့လုပ်တော့..။
"စောက်ပိုတွေလာမလုပ်နဲ့... "
ထူပေးတဲ့လူကိုတွန်းထုတ်တာဟာ အင်မတန်ရိုင်းစိုင်းသည့်လုပ်ရပ်ပါ။ ဒီနေရာနဲ့လဲလိုက်ဖက်ပါပေသည်။
အရိုင်းစိုင်းတွေနဲ့အပြိုင်ရိုင်းဖို့ကျတော့ Jennie ကအရိုင်းစိုင်းတစ်ယောက်မဟုတ်တော့..။"တောင်းပန်ပါတယ်..."
"ဟားဟား!!!..."
လဲကျနေတဲ့တစ်ယောက် သူ့ဘာသာသူမတ်တပ်ထရပ်လိုက်တော့မှ ဟန်ဆောင်နေမှန်းသိလိုက်ရကာ။
ခြေလှမ်းနှစ်လှမ်းစာလောက်ရှေ့ကိုတိုးလာတာကြောင့်လဲ Jennie ရဲ့မျက်နှာနဲ့ အဲ့ဒီမိန်းမရဲ့မျက်နှာသိပ်နီးကပ်သွားပြီး...။
YOU ARE READING
Tomorrow never dies
FanfictionUnicode ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ် . Zawgyi ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ်