.ဒဏ်ရာတွေနဲ့ခေါ်သွားတာမြင်တော့ စိတ်ထဲတကယ်ပင်မကောင်း။ ရန်ပွဲတွေကိုမနှစ်သက်ပေမယ့် မဖြစ်မနေရန်ဖြစ်ရမယ်ဆိုရင်တောင် အနိုင်ရတဲ့လူဟာ lisa ကိုပဲဖြစ်စေချင်သည်...။
"အရမ်းလဲစိတ်ပူမနေပါနဲ့ မသေလောက်ပါဘူး..."
jessi ကိုမျက်စောင်းထိုးပစ်လိုက်သည်။ ဒီလောက်လေးနဲ့ lisa ကသေစရာလား...။
"ဒါပေမယ့် ဒဏ်ရာတော့တော်တော်လေးများမယ့်ပုံပဲနော်.."
"ရန်ဖြစ်ပါတယ်ဆို။ ခြင်ကိုက်ရာထက်တော့ကြီးတာပေါ့.. jennie ရယ်."
ဒီလောက်ပါးစပ်အပါက်ဆိုးလှတဲ့ Jessi ထောင်ကလွတ်တာနဲ့ အပြင်မှာသူများသတ်တာခံရနိုင်တယ်လို့ အမြင်ကတ်ကတ်နဲ့တွေးလိုက်ပြီး၊ မတော်တဆ အကြည့်တို့က ခြေထောက်ကိုရောက်ရှိသွားတဲ့အခိုက် Jessi ရဲ့ဖိနပ်အောက်မှာအစွန်းထွက်နေတဲ့အရာလေးကြောင့် ...။
"ခြေထောက်အောက်မှာ ဘာကြီးလဲ??..."
နောက်ကိုတစ်လှမ်းဆုတ်သွားတော့၊ တွေ့လိုက်ရတာ ဓာတ်ပုံလေးတစ်ပုံဖြစ်ပြီး အမြန်ကောက်ယူလိုက်သည်။
"ဒါက kim jisoo ရဲ့ပုံမလား.???.."
ခုနက lisa ဒေါသထွက်တာ ဒီလိုင်စင်ဓာတ်ပုံလေးကြောင့်ဆိုရင်၊ ရန်ဖြစ်ရတာကလဲ kim jisoo ကြောင့်ပဲပေါ့...။
"jennie မင်အရမ်းစပ်စုတယ်နော်။ ကိုယ်နဲ့မဆိုင်တာကိုစိတ်မဝင်စားစမ်ပါနဲ့..."
လက်ထဲကပုံကိုဆွဲယူပြီး jessi ကပြန်ပစ်ချထားခဲ့သည်။
မဟုတ်မှလွဲရော Lisa က Kim Jisoo ကို???.....။........
"အခန်း ၂၃ တံခါးဖွင့်..."
အသံကြားလိုက်တာနဲ့ ကုတင်ပေါ်ကချက်ချင်းထပြီး သံတံခါးထောင့်ဆုံးနားကနေ မြင်များမြင်မလားလို့ လှမ်းကြည့်ပေမယ့်၊ အခန်းနှစ်ခုဟာ အတော်လေးလှမ်းနေတာကြောင့် Lisa ကိုမမြင်ရပါ...။
အခန်း ၂၃ ဆိုတာ Lisa နေတဲ့အခန်းလေ...။"နံရံကြီးထဲလဲဝင်ပြီး မင်းဟိုဘက်ခန်းထဲရောက်သွားအုံးမယ် jennie ရယ်.. စပ်စုလိုက်တာလဲလွန်ရော..."
jessi ရဲ့မကောင်းပြောတတ်တဲ့ ပါးစပ်ကို ဂရုမစိုက်အားသေး။ Lisa ရဲ့အခန်းကို jennie လှမ်းကြည့်နေသလိုမျိုး မျက်နှာချင်းဆိုင်အခန်းက အရှုံးသမား ren ကလဲဲစိုက်ကြည့်နေသည်။ နေ့တောင်မကူးပဲ ညတွင်းချင်းပြန်ရောက်လာပုံထောက်ရင် lisa ကတော်တော်အကြောမာတယ်လို့ပြောရမည်။ jennie ရှေ့ကအရှုံးသမားကတော့ ခုချိန်ထိထော့နဲ့နေတုန်းလေ။ ဒါနဲ့များတောင် ရန်ဖြစ်ချင်တာ အုပ်စုလိုက်သာမဟုတ်ရင် သေချာပေါက် ဆေးရုံရောက်မယ့်လူက ren ပဲ..။
YOU ARE READING
Tomorrow never dies
FanfictionUnicode ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ် . Zawgyi ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ်