3

3.6K 430 10
                                    


.

Kim Jisoo ဆီကနေပြန်လာတော့ တဒုန်းဒုန်းဆူညံနေသည့်အခန်းရှေ့ကဖြတ်လျှောက်ရတဲ့အချိန်မှာ ဘာရယ်မဟုတ်လှမ်းကြည့်မိတာ ခပ်စုတ်စုတ်သဲအိတ်တစ်လုံးကိုသဲကြီးမဲကြီးထိုးနေသည့် လူကိုတွေ့လိုက်ရသည်။ သူမကတော့ သူမအလုပ်အပေါ်မှာပဲအာရုံရှိနေတာမို့ jennie ကိုမြင်လိုက်သည့်ပုံမပေါ်။ ဒါက သူမရဲ့အခန်းဆိုတာကိုလဲ ဘာရယ်မဟုတ် မှတ်ထားမိလိုက်တယ်ထင်ပါရဲ့...။

"အခန်း ၄၈ ဖွင့်..."

"တီး......"

ကိုယ့်အခန်းကိုယ်ပြန်ရောက်မှ ပေ့ါပါးသွားတယ်လို့ခံစားရအောင် ဒီအခန်းနဲ့ Jennie တို့ကရင်းနှီးသွားကြပြီလား..။

"သူတို့ မင်းကိုဘယ်ခေါ်သွားကျတာလဲ??..."

"kim jisoo ဆီကို..."

"ဒီကအပြစ်သားတွေလိုပဲ
ရဲမေတွေလဲ တစ်ယောက်မှမကောင်းဘူး jennie.."

"အင်း သိတယ်..."

"သိတယ်ဆိုရင် ဂရုစိုက်။ မင်းကဒီနေရာနဲ့မတန်ဘူး..."

Jessi သတိပေးတာကိုခေါင်းငြိမ့်လိုက်သည်..။

"Kim Jisoo ကပြောလိုက်တယ်။ နောက်တစ်ပါတ်လွတ်မှာဆို??.."

Jessi လဲယဉ်ကျေးတဲ့လူတစ်ယောက်တော့မဟုတ်ဘူး။ မေးတာကိုမဖြေပဲ အပေါ်ကိုစွေ့ခနဲခုန်တက်သွားပြီး...။

"ဒီနေ့တော့ မင်းရေချိုးသင့်တယ်လို့ ငါအကြံပေးချင်တယ်..."

ရေမချိုးဖြစ်တာ နှစ်ရက်ရှိသွားပြီမို့လို့ jessi ပြောလဲခံရတော့မှာပဲ။ ဒီနေရာမှာရေချိုးဖို့အရမ်းခက်တယ်ဆိုတာ ကိုယ်တိုင်သာအသိဆုံးမဟုတ်လား...။

"အများကြီးမတွေးနဲ့။ မိန်းမတွေချည်းပဲရှိတယ်လို့တွေးလိုက်ရင် အဆင်ပြေသွားလိမ့်မယ်..."

Jessi ပြောသလိုလုပ်ရုံကလွဲပြီးတစ်ခြားနည်းလမ်းမှမရှိတာ။ ရေမချိုးပဲ ဘယ်နှစ်ရက်ရှောင်ပြေးနိုင်မှာမို့လို့လဲ။ မဖြစ်မနေ ရင်ဆိုင်ဖို့ကိုသာဆုံးဖြတ်လိုက်ရသည်...။

......

ရေချိုးခန်းရှေ့မှာစောင့်နေတာ တစ်နာရီနီးပါးလောက်ရှိပြီ။ ရေချိုးရဖို့အရေး နေ့လည်စာကိုအငတ်ခံထားခဲ့ရတာ။ နောက်ဆုံးကျန်တဲ့တစ်ယောက်​ထွက်သွားတော့မှ အပြေးအလွှားရေချိုးခန်းထဲဝင်ပြီး ဘယ်သူမှမရှိဘူးဆိုတာ သေချာအောင်အရင်စစ်ဆေးရသေးသည်။ သေချာတယ်ဆိုတော့မှ ကျယ်ဝန်းပြီး အခန်းရယ်လို့သတ်မှတ်ထားခြင်းမရှိတဲ့ ရေပန်းတွေထဲက ထောင့်ကျကျနေရာတစ်ခုရဲ့ ရေပန်းအောက်မှာဝင်ရပ်လိုက်သည်။

Tomorrow never diesWhere stories live. Discover now