.လူရှင်းတဲ့နေရာကိုရောက်တော့ ချိန်းဆိုထားသည့်အတိုင်း ရောက်လာမည့်လူအားစောင့်နေလိုက်သည်။
လုံခြုံရေးတွေမရိပ်မိအောင် လာခဲ့ရသလို တမျှော်မျှော်လုပ်နေမိတာကလဲ ပြောထားတဲ့အချိန်ကိုကျော်လွန်နေတာကြောင့်။ ဒီနေ့လေးအတွက် လပေါင်းများစွာကတည်းကကြိုတင်ပြင်ဆင်ထားခဲ့တာမို့ စိတ်လှုပ်ရှားနေမိပြီး ဒီကိုလျှောက်လာနေတဲ့ရဲမေကိုမြင်တော့မှ...။"အဆင်ပြေခဲ့လား???"
"ဒီမှာ နင်မှာထားတဲ့ဟာ.."
ချက်ချင်းပင် ကဒ်ထူးပုံးကိုဖွင့်ကြည့်ပြီး
စိတ်တိုင်းကျတယ်ဆိုမှ ပြုံးနိုင်တော့သည်။"Jennie ငါဒါကိုရဖို့တော်တော်ကြိုးစားလိုက်ရတယ်နော်။ တော်ရုံယူခွင့်ရတဲ့အရာမဟုတ်ဖူး။ ငါ့ပစ္စည်းလို့ပြောလိုက်တော့မှ သွင်းလို့ရလာခဲ့တာ။ တစ်ခုခုဆို ငါပဲပြသာနာတက်မှာ..."
"အပိုတွေပြောမနေစမ်းပါနဲ့။ ပိုက်ဆံဘယ်လောက်ထပ်လိုချင်သလဲဆိုတာပဲပြော အချိန်ကြာတယ်.."
"ဟဲဟဲ... အဲ့ဒီလိုပြတ်သားလို့ ငါကလဲ jennie နဲ့အလုပ်လုပ်ရတာကိုသဘောကျတာ..."
ခါးမှာကျစ်ထားတဲ့ပိုက်ဆံလိပ်ကိုဝှက်ပြီးပေးလိုက်တော့ သေချာတောင်ရေကြည့်နေသေးသည်။ အလကားရတာတောင်မှ ပိုက်ဆံမျက်နှာတစ်ခုပဲကြည့်တဲ့ဟာတွေ။ ဆက်ကြည့်နေရင် အမြင်ကတ်ရုံပဲရှိမှာမို့ ကဒ်ထူပုံးလေးကိုသာပိုက်ပြီး ပြန်လာခဲ့လိုက်သည်..။
"Lisa ya!!!"
ကဒ်ထူပုံးလေးကိုနောက်မှာဖွက်ပြီး လှမ်းခေါ်လိုက်တော့ jennie ဆီကိုလျှောက်လာတဲ့ သူမကိုပြုံးပြုံးလေးနဲ့ရပ်စောင့်နေခဲ့တာ။ အနားရောက်မှ...။
"ဟက်ပီးဘတ်ဒေး!!!!"
ဖွက်ထားတဲ့ ကဒ်ထူပုံးလေးကိုထုတ်လိုက်တော့ ရုတ်တရက်အံ့အားသင့်သွားတာကိုလဲမြင်တွေ့လိုက်ရသည်...။
"နင့်အတွက်လက်ဆောင် ဖွင့်ကြည့်လေ.."
ဒီနေ့က Lisa ရဲ့မွေးနေ့လေ။ အဲ့ဒါကြောင့် သူမအတွက်ရည်ရွယ်ပြီးမှာထားတဲ့လက်ဆောင်ကိုပေးလိုက်တော့ ကဒ်ထူပုံးလေးကိုဖွင့်ကြည့်ပြီး..။
YOU ARE READING
Tomorrow never dies
FanfictionUnicode ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ် . Zawgyi ဒီနွေဦးပြီးရင်.... မင်းကိုချစ်တဲ့အကြောင်းပြောမယ်