12

3.2K 387 23
                                    



.

Lisa ကပဲဦးဆောင်ပြီး ဒီနေရာမှာရှိတဲ့လူတွေနဲ့ jennie ကိုမိတ်ဆက်ပေးသည်။

"ဒါက ငါတို့ရဲ့ခေါင်းဆောင် bom တဲ့.."

"ဟုတ်ကဲ့ ခေါင်းဆောင်.. jennie ပါ..."

မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသမီးက jennie ကိုကြည့်ပြီး..။

"ခေါင်းဆောင်တွေဘာတွေလုပ်မနေနဲ့ ဒီမှာရှိတဲ့လူတွေအားလုံးက အချင်းချင်း နံမည်တွေပဲခေါ်ကြတယ်။ ဒီနေရာမှာ ယဉ်ကျေးမှုဆိုတာမရှိဘူး"

bom ပြောတာမှန်တယ်ဟုတွေးလိုက်သည်။ ဒီနေရာနဲ့ ယဉ်ကျေးမှုဆိုတာ နဲနဲလေးမှမအပ်စပ်တဲ့အရာမလား..။

"ဒါနဲ့ jennie ရဲ့နံမည်ကိုတော့ lisa ပြောပြောနေလို့ကြားဖူးပြီးသားထင်တယ်နော်.."

စီးကရက်တစ်လိပ်ကိုမီးညှိကာ bom ပြောလိုက်တဲ့စကားမှာ မျက်လုံးပြူးကျယ်သွားရသည်။ Lisa ကိုလှမ်းကြည့်တော့လဲ ရှက်သွားတာလားမသိ jennie နဲ့ပင်မျက်လုံးချင်းမဆုံတော့ဘူး။

"တွေ့လိုက်တိုင်း ငိုနေတတ်တဲ့ကောင်မလေးတစ်ယောက်။ သူငိုရင် အကောင်လေးတစ်ကောင်နဲ့တူတယ်ဆိုလား ??.. "

"bom ya!!!"

"နေပါဦး သူကဘာအကောင်လေးနဲ့တူတာလဲ lisa.??.."

အတည်ပေါက်နဲ့ပြောသလို lisa ကိုတောင်ပြန်မေးလိုက်သေးသည်..။

"ဟာ!! တော်ပြီ အဲ့ဒီအကြောင်းမပြောပါနဲ့တော့ဆို..."

ဒီလို ချစ်စရာကောင်းတဲ့ပုံနဲ့ lisa လဲရှိသေးတာလား။
ပထမဆုံးမြင်ဖူးတာပဲ...။

"ဟားဟား... ငါတို့ lisa လေးကရှက်သွားတာပဲ..."

"ဘယ်မှာရှက်လို့လဲ..."

"မျက်နှာကြီးဒီလောက်ရဲနေတာ..
ဒါကရှက်တာမဟုတ်ဘူးလား.."

"ya!!! တော်ပြီလို့ပြောနေတယ်လေ.."

lisa ကိုဝိုင်းစတာ jennie ကပါ မဆီမဆိုင်ဘာဖြစ်လို့ရှက်လာရတာလဲမသိဘူး။

"ကဲ ကဲ.. ငါတို့ lisa လေးကိုမစတော့ဘူး ဟုတ်ပြီလား။
ဒီတစ်ခါအတည်ပြောမှာ..."

Bom ကသူ့ဘေးနားကတစ်ယောက်ကို မျက်စပစ်ပြလိုက်တယ်ဆိုတာနဲ့....။

Tomorrow never diesTempat cerita menjadi hidup. Temukan sekarang