End

10K 625 138
                                    


.

အဝေးကလှမ်းမြင်ရတာတောင် သူမ ရဲ့ပုံစံကထင်ရှားနေသည်။ အပြာရောင်တစ်မျိုးထဲနဲ့မြင်နေကျမို့ သူမကိုအပြာရောင်နဲ့လိုက်တယ်လို့ပဲထင်ထားခဲ့တာ၊ အခုလို ခပ်မှိန်မှိန်အရောင်တွေနဲ့လဲ lisa ကကြည့်လို့ကောင်းနေတာပါပဲ။

ကားပေါ်ကဆင်းလာပြီး jennie ကိုမြင်တော့ပြုံးပြကာ၊ သူမရဲ့ဦးတည်ချက်ဖြစ်သည့် jennie ဆီကိုတစ်လှမ်းချင်းလှမ်းလာနေတဲ့တစ်လျှောက်လဲ စိတ်ရှည်စွာနဲ့ရပ်စောင့်နေခဲ့ပါသည်။

"စောင့်နေရတာကြာသွားလား..??"

"ဟင့်အင်း။ ငါလဲခုနကမှရောက်တာ..."

"ဒါဆိုသွားကျမယ်လေ..."

လက်မောင်းကိုချိတ်စေချင်တဲ့ lisa ရဲ့သဘောအတိုင်း သူမရဲ့လက်မောင်းကိုချိတ်လိုက်တော့..။

"အခုလိုဆိုတော့လဲ ငါတို့ကပထမဆုံး date လုပ်မယ့်လူတွေလိုပဲနော်.."

"တကယ်လဲ ဒါကငါတို့ရဲ့ပထမဆုံး date ပဲဟာ..."

"ဟုတ်သားပဲ..."

Couple date မဟုတ်တာပဲရှိတယ် lisa လို့တော့
သူမ ကြားအောင်မပြောဖြစ်ခဲ့။

ဆိုင်ထဲရောက်တော့ သီးသန့်မှာထားတဲ့နေရာမှာ အရင်ဆုံးထိုင်ခုံကိုဆွဲပေးကာ Jennie ကိုထိုင်စေပြီးမှ မျက်နှာချင်းဆိုင်မှာ Lisa ဝင်ထိုင်သည်။

"နင်ဒီနေ့အရမ်းလှနေတယ်.."

"ကျေးဇူး.."

အပြုံးတစ်ခုနဲတုန့်ပြန်လိုက်ပြီး ဗီဒိုမှာရှိသည့်ဝတ်စုံတွေထဲကနေ ဒီတစ်စုံကိုရွေးချယ်နိုင်ဖို့အတွက် အချိန် ၂ နာရီနီးပါးပေးခဲ့ရတယ်ဆိုတာတော့လျှို့ဝှက်ထားလိုက်သည်။  jennie လှတယ်ဆိုတာ lisa ကိုသိစေချင်သလို ထောင်အဝတ်အစားနဲ့မဟုတ်ပဲ ပထမဆုံးအပြင်မှာတွေ့ရမယ့် date လေးဖြစ်တာကြောင့် သူမ မျက်လုံးထဲမှာ ဒီနေ့ jennie ရဲ့ပုံစံကိုနောင်နှစ်ပေါင်းများစွာအထိ မှတ်မိနေစေချင်တယ်ဆိုတာကိုလဲ ဝန်ခံပါသည်။

"ဒီဟင်းတွေနဲ့လိုက်ဖက်မယ့်
ဝိုင်တစ်လုံးတော့လိုမယ်မထင်ဘူးလား..??"

"ကောင်းသားပဲ..."

သဘောတူလိုက်တာနဲ့ lisa ဝိုင်ရွေးသည်။ waiter ရွေးဖို့ပေးလာတဲ့ဝိုင်တွေကိုကြည့်ပြီးရွေးရခက်နေတာကြောင့်လဲ သူမအစား jennie ကပဲဝိုင်ကိုရွေးချယ်ပေးလိုက်တော့...။

Tomorrow never diesWhere stories live. Discover now