(Unicode)
Shuhuaကုမ္မဏီက အချိန်ပို ဆင်းပြီး ညတစ်ည Shuhua တစ်ယောက် အိမ်ဘေးနားက ခပ်ဟောင်းဟောင်း စားသောက်ဆိုင်တစ်ခုတွင် ဆိုဂျူထိုင်သောက်နေသည်။ ဆိုင်ထဲတွင် အလင်းရောင်က သိပ်မရ။ မီးသီး တွေ အလုံအလောက်ရှိသော်လည်း မှောင်မိုက်နေသည်ဟု ခံစားရသည်။ သူမ၏ ခံစားချက်များအတိုင်းပင်...
တကယ်တော့ သူမဟာ ခေါင်းမူးနေသည့် ခံစားချက်ကို မုန်းသည်။ အရမ်း သောက်နိုင်သူလည်း မဟုတ်ပေ။ သို့သော် သူမ တစ်ခွက်ပြီး တစ်ခွက် သောက်နေမိသည်။ တစ်ခွက်မော့လိုက်တိုင်း သူမ လည်ချောင်းစူးခနဲ ဖြစ်သွားသည်။ ထို့နောက် သူမ ဝမ်၅ထောင်တန် ပိုက်ဆံရွက်ကို ထုတ်တာ စားပွဲပေါ်သို့ တင်ထားခဲ့သည်။
" ပိုတာ သိမ်းထားလိုက်" ဟု ပြောကာ ဆိုင်မှ ထွက်လာခဲ့သည်။
သူမ ဘဝဟာ အဓိပ္ပါယ် မရှိသလိုခံစားရသည်။ သူမ တွင် ဝင်ငွေရှိသည်။ အလုပ်ရှိသည်။ သို့သော် သူမမှာ ဦးတည်ချက်မရှိသလိုခံစားရသည်။ သူမ၏ တစ်စုံတစ်ယောက်အပေါ် စွဲလမ်းချက်ကြောင့် များလား? ဒါမှမဟုတ် သူမဟာ လက်ရှိဘဝကို မကြည့်လို့များလား? ညတွေ ပြောင်းလဲသွားတာတောင် သူမ အတွက် မပြောင်းလဲသွားသော စိတ်တစ်ခုရှိနေသည်။ သူမအတွက် အရေးပါခဲ့သော သူကို သူမ သတိရနေသေးသည်။
Ricky Montgomery ရဲ့ Line without a Hook သီချင်းထဲကလို သူမ လုပ်ခဲ့တဲ့ ပြောခဲ့တဲ့ အရာတွေဟာ သူမအတွက်အရေးပါသူကို နာကျင်စေခဲ့မိလား?သူမအတွက်အရေးပါသူကိုကိုယ့်ကိုကိုယ် မုန်းအောင်လုပ်ခဲ့မိပြီလား ? တကယ်လို့ ပြန်ပြင်လို့သာ ရခဲ့မယ်ဆိုရင် သူမ အကုန် ရုတ်သိမ်းမိမှာပဲ On a beach at night alone ဇာတ်ကားထဲက မင်းသမီးပြောသလို " ငါသူ့ကို အရမ်းလွမ်းနေသလို သူလည်း ငါ့ကို လွမ်းနေမလား?"
လမ်းကို ယိုင်နဲ့ ယိုင်နဲ့ လျှောက်လာပြီး သူမ တိုက်ခသူမ အိမ်နားသို့ ရောက်သောအခါ လူတစ်ယောက်ကို သူမြင်လိုက်ရသည်။ အမျိူးသမီးပင်။ သို့သော် သူမ အမြင်များ ဝေဝါးနေသည်။ ခေါင်းလည်း မကြည်။ သူမ ထိုင်လျက် လဲကျသွားသည်။
သူမ ဘာမှမဝေခဲနိုင်တော့ ပေ။ သူမကို တစ်စုံတစ်ယောက်က ဆွဲထူပေးသည်ကို သူမ ခံစားမိသည်။ ထို့နောက် သူမ အခန်းထဲ ရောက်သွားသည်ကို သူမ သိသည်။ သူမကို ဆွဲခေါ်လာတဲ့သူဟာ သူမကို စောင်ခြုံပေးနေသည်ကို ခံစားမိသည်။ အဲ့လူက တစ်ခုခု လုပ်ရင် ဘယ်လိုလုပ်မလဲ? အိပ်မက် မက်နေတာများလား? သူမ မျက်လုံးကို အားယူကာ ဖွင့်ကြည့်သည်။ ထိုလူမှာ Soojinပင်။