Unicode
ထို hallway တစ်လျှောက် သူမ လျှောက်လာသည်နှင့် ပတ်ဝန်းကျင်က သူတွေဟာ သူတို့ရဲ့အလုပ်တွေကို မေ့ပြီး သူမ ကိုသာ ငေးကြည့်နေကြသည်။ သူတို့ထဲက တစ်ချို့ ထိုမိန်းကလေးကို သိကြသည်။ ယခုအချိန် ဒီကုမ္ပဏီသို့ သူမလာဖို့အကြောင်းအရင်းမရှိ။ ဒါပေမယ့် ဘာကြောင့် ဒီကို သူမလာရတာလဲ။ ဝန်ထမ်းတစ်ချို့ စဥ်းစားမိသည်။အချိန်တော်တော်များများ သူမ မျက်နှာမှာ ခံစားချက်တစ်စုံတစ်ရာမရှိ။ အမြဲလိုလို သူမရဲ့ နှုတ်ခမ်းတစ်စုံကို တင်းတင်းစေ့ထားသည်။ သို့သော် ဒီနေ့ သူမရဲ့ အမူအရာ မျက်နှာထားမှာ အနည်းငယ် စိတ်တိုနေပုံပေါ်သည်။ သူမအနောက်တွင် ပုံမှန်အတိုင်း အနောက်တိုင်းဝတ်စုံနဲ့ လူတစ်ယောက် ပါလာသည်။"Seo Soojin-ssi ဒီကို ဘာကိစ္စရှိလို့လာတာလဲ?"
CEOရုံးခန်း ရောက်ခါနီး CEOရဲ့ အတွင်းရေးမှူးက မေးသည်။"CEOနဲ့ လာတွေ့တာ .. ပြောစရာ ကိစ္စ ရှိလို့ပါ"
"အခု CEO က အလုပ်ရှုပ်နေလို့-"
ထို အတွင်းရေးမှူးရဲ့ စကားကို ဂရုမစိုက်ပဲ Soojinထွက်သွားသည်။
"ဒီမှာ!" CEOရဲ့ အတွင်းရေးမှူးက Soojin ကို တားဖို့ ကြိုးစားတော့ Soojin အနောက်က ပါလာတဲ့ လူက အတွင်းရေးမှူးရဲ့ လက်ကို ဆွဲလိုက်သည်။ စိတ်တိုပြီး မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ အတွင်းရေးမှူးက Soojin ရဲ့ ဒရိုင်ဘာဖြစ်သူကို လှည့်ကြည့်သည်။ ထို့နောက် သူမရဲ့ လက်ကို ရမ်းခါလိုက်ပြီး ထိုနေရာက ထွက်သွားတော့သည်။ Soojinရဲ့ ဒရိုင်ဘာလည်း Soojin နဲ့ နောက်ကို လိုက်သွားတော့သည်။
CEOရဲ့ ရုံးခန်းကို Soojin က တံခါးသုံးချက်ခေါက်ပြီး ဝင်သွားသည်။
CEOမှာ သူ့စားပွဲပေါ်တွင် မှတ််တမ်းတစ်ခုကို ဖတ်နေသည်။ အနည်းငယ် စိတ်ရှုပ်နေပုံပေါက်သော်လည်း သေချာ အာရုံစူးစိုက်ပြီး မှတ်တမ်းကို ဖတ်နေခဲ့တယ်။ Soojin ဝင်လာတာမြင်တော့ မျက်အနှာ အမူအရာမှာ အံသြမှုနှင့် စိတ်မသက်မသာဖြစ်မှုဖက်ကို ပြောင်းသွားတော့သည်။
"Ms. Seo ဒီကို ဘာလို့လာတာလဲ မသိဘူး?"
"မေးစရာကိစ္စလေးရှိလို့ပါ" Soojinက ခပ်ပြုံးပြုံးဖြေလိုက်သော်လည်း CEOရဲ့ စိတ်ထဲ အနည်းငယ် လန့်နေမိသည်။