Unicode
"Yeh Shuhua မနေ့ညက ငါဖုန်းဆက်တာ ဘာလို့ မကိုင်တာလဲ?""တောင်းပန်ပါတယ် ငါမနေ့ညက နေလို့ မကောင်းလို့"
"အဲ့လိုဆိုလည်း msg လေး ဘာလေးတော့ ပို့မှပေါ့ ငါ့မှာ ဘယ်လောက် စိတ်ပူရလဲ နင်သိလား? နင့်ကို ချစ်လွန်းလို့ ငါ့ အလုပ် ပျက်ဆီးမှာကိုတောင် ဂရုမစိုက်ပဲ နင်နဲ့ ဆက်တွဲနေတာဟာ။ အဲ့တာနင် သိလား?"
"အင်းပါ Miyeon-ssi ငါတကယ်တောင်းပန်ပါတယ်"
"ပြီးတာပဲ! ဒါနဲ့ နင်အခု ဘာလုပ်နေတာလဲ?"
"ကားမောင်းနေတာ"
"အင်းပါ။ အဲ့တာဆို ချလိုက်ပြီ။ ဂရုစိုက်မောင်း"
"အင်း"
Miyeon မှာ model တစ်ယောက်ဖြစ်သည်။ သူမ date လုပ်နေကြောင်း confirm ထားသော်လည်း Shuhua ဆိုတာ မဖော်ပြထားပေ။ Miyeon နှင့် တွဲလာသည်မှာ ၅လ သက်တမ်းရှိပြီဖြစ်သည်။
ယနေ့မှာ Shuhua အဖေဆုံးသည့် နှစ်ပတ်လည်ဖြစ်သည်။ ထိုနေ့တိုင်း သူမအဖေ ရှိရာနေရာသို့ သွားကာ သူမအဖေကို ရင်ဖွင့်သည်။ အလုပ်တွင် အဆင်မပြေသည့်ကိစ္စ၊ သူမ အခုဘယ်လိုဘဝမျိုးနေနေရသည့် အကြောင်း၊ Soojin ကို လွမ်းမိသည့်အကြောင်း ... အစောပိုင်းနှစ်များတွင် သူမအဖေကို ရင်ဖွင့်ရင်း ငိုကျွေးခဲ့သော်လည်း ယခုမှာမူ သူမ မငိုတော့ပေ။ သူမ ရင်ထဲရှိဒဏ်ရာများကြောင့် ငိုရမှာတောင် ပင်ပန်းသွားတဲ့ပုံရှိသည်..ယခုနှစ်တွင်မူ သူမ အသံထွက်၍ သူမ အဖေအား မပြောပြတော့ပေ။ သူမ အဖေ၏ အရိုးပြာအိုး ထည့်ထားသော မှန်အိမ်ကို ငေးရင်းစိတ်ဖြင့်သာ ဆက်သွယ်နေတော့သည်။ နာရီဝက်ခန့်ကြာသောအခါ သူမ ကားဖြင့် ထိုနေရာမှ ထွက်သွားတော့သည်။××××××××××××××××××××××××××××××××××
Miyeon တစ်ယောက် စိတ်တိုတိုဖြင့် ဖုန်းကိုချလိုက်သည်။
" ဒီ Yeh Shuhua တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ? ငါ့ကို အလေးကိုမထားဘူး"
ထို့အချိန်တွင် သူမ တံခါး ခေါက်သံကြားလိုက်ရပြီး သူမ မန်နေဂျာ အခန်းထဲသို့ဝင်လာသည်။