Episode 1

828 46 2
                                    

Unicode
March , 2005

Han မြစ်ရဲ့ ​​​ဘေးတစ်​လျှောက်​ ​လေ​တွေ အရမ်းတိုက်​နေခဲ့တယ် အဲ့အချိန်တုန်းက ဒီအတိုင်း ​လမ်း​လျှောက်သွားရင်း Camera​လေးကိုပါ ယူလာခဲ့တယ် မြစ်ကြီးရဲ့ ဓါတ်ပုံ​လေး​တွေ ရိုက်ပြီး ပန်းခြံထဲ ဆက်သွား​တော့ အ​မေတစ်​​ယောက် သူ့ရဲ့ ၃လ အရွယ်ပဲ ရှိ​သေးတဲ့ က​လေး​လေးကို ချီ​ပြီး စ​နေ​လေရဲ့

ဒီမြင်ကွင်းက အရမ်း အသက်ပါလှတယ်
ဒီအခိုက်အတန့်​လေးကို မှတ်တမ်းတင် ခဲ့နိုင်ခဲ့တယ်

ဓါတ်ပုံ​တွေဆိုတာ နှစ်​တွေအများကြီး ကုန်လွန်ပြီး
​နောက်မှာ ဘယ်​တော့မှ ပြန်မရ​နိုင်​တော့တဲ့
အမှတ်တရ​တွေကို ပြန်မြင်​ယောင်လာ​စေတယ်
နှလုံးသားထဲမှာ သိမ်းထားခဲ့ရတဲ့ အမှတ်တရ​တွေကို
ပြန် မြင်လာ​စေတယ်

​ပန်းခြံရဲ့ အလွန်တစ်​နေရာက နတ်ကွန်း​လေးဆီကို ဆက်သွားခဲ့တယ် အဲ့ နတ်ကွန်းရဲ့​ဘေးနားမှာ ဆု​တောင်းစာ​လေး​တွေ ချိတ်ထားကြတယ်
နတ်ကွန်း​လေးရဲ့ ​ရှေ့မှာလည်း ​အထက်တန်းအရွယ်
​ကျောင်းသူ​လေးတစ်​​ယောက် ဆု​တောင်း​နေ​တယ်

အနီးနားကို ကပ်သွားကြည့်ရင်း သူမကိုပါ ဓါတ်ပုံရိုက်ခဲ့တယ် သူ့ကို ခွင့်မ​တောင်းပဲ ရိုက်မိလို့ စိတ်ဆိုး​နေမလား? သူမက အသားဖြူဖြူ ဆံပင်ရှည်ရှည်နဲ့
ယူနီ​​ဖောင်း အကျီ​လေးဝတ်ထားတယ် ​​ဘေးမှာ လွယ်အိတ်​လေးလည်း လွယ်ထားတယ်
ရုတ်တရက် သူမ နဲ့​ ​​နောက်ထပ် ထပ်တွေ့ရ​တော့မှာ မဟုတ်ဘူးဆိုတဲ့ အသိက စိတ်ထဲကို ခံစား​လာရသလိုပဲ

"​နေပါဦးSeo Soojin , နင်ဘာ​တွေဖြစ်​နေတာလဲ?"

အဲ့ ​ကျောင်းသူ​လေးက ပန်း​ရောင် စာရွက်​လေး​ပေါ်မှာလည်း ဆု​တောင်းစာ​လေး ​ရေးပြီး နတ်ကွန်း​လေး ​​ဘေးနားက ဝါးတန်း​လေး​ပေါ်မှာ ချိတ်သွား​တယ် ကိုယ့်ကို​တောင် သတိထားမိပုံ ​မ​ပေါ်ဘူး....

သူဘာ​ရေး မလဲ သိချင်စိတ်နဲ့ အ​နောက်က​နေ သူ့ချိတ်သွားတဲ့ ​နေရာ​လေးကို ​သေချာ​လေး မှတ်ထားလိုက်တယ် သူလည်း ထွက်သွား​ရော သူရဲ့ ဆု​တောင်းစာ ​ရေးထားတဲ့ စာရွက်​လေးကို သွားကြည့်ခဲ့တယ်

Transit Girl Where stories live. Discover now