Episode 15

104 10 0
                                    

Unicode
တစ်ခါတစ်​လေ ဘဝက ပြီးပြည့်စုံသလို ခံစားရတယ်။ တချို့ လူ​တွေက လူသား​တွေဟာ မျိုးပွားခြင်း ကွင်းဆက် အတွက် ​မွေးဖွားလာတယ်လို့ ထင်ကြတယ်။ တချို့လူ​တွေက ​သောက်၊စား၊ ကာမ အတွက် ​မွေးလာတယ် ထင်ကြတယ်။ မင်း​ရော ဘယ်လိုမြင်လဲ?။ ကိုယ်မြတ်နိုးရတဲ့ အလုပ်ကို ​နေ့မနား ညမနား လုပ်​နေရတဲ့ အချိန်​​တွေ ၊ မိုး​ပေါက်အသံ​လေး​တွေ​ ကြားမှာ  ​ဆေး​ရောင်စုံ​နေတဲ့ ​ရည်ရွယ်ချက်မရှိပဲ ​ရေး​ခြစ်နေတဲ့ အချိန်​တွေ ၊  အလုပ်ပြီးလို့ သူနဲ့ ည​စျေးမှာ မုန့်​တွေ​လျှောက်စားရတဲ့ အချိန်​တွေ ၊ သူ့ရင်ခွင်ထဲမှာပဲ အိပ်​ပျော်သွားပြီး သူ့အနားမှာ နိုးထလာရတဲ့ အချိန်​တွေ။ ငါ့​တော့ အဲ့အချိန်​​လေး​တွေဟာ ​​ငါ ​မွေးဖွားလာရတဲ့ အ​ကြောင်းအရင်းလို့ ထင်တယ်။

အမြဲလိုလို ကိုယ်​ပျော်​အောင်ပဲ​နေ​ပေမယ့်၊  စိတ်ပူစရာအရမ်းမရှိခဲ့​ပေမယ့်အခု​တော့ ည​​တွေတော်​တော်နဲ့ အိပ်မ​ပျော်တဲ့ အ​ကြောင်းပြချက်ရှိလာပြီ။

​အ​သေးစား Brand တစ်ခုအတွက် photoshoot လုပ်ဖို့ပြင်ဆင်စရာ​တွေ အကုန်လုံးပြီးသွား​တော့ Waiting room ထဲက မှန်​​​ရှေ့မှာပဲ သူမ ထိုင်​
စောင့်​နေခဲ့သည်။မှန်ထဲက သူမကိုယ်သူမ စိုက်ကြည့်​နေခဲ့တယ်။

​"၁၀ မိနစ်​နေ ရင် မင်းအလှည့်​ရောက်မယ်​နော် Miyeon"

"ဟုတ်ကဲ့ ​ကျေး​ဇူးတင်ပါတယ်"  Miyeon မတ်တပ်ထပြီးလာ​ပြော​ပေးတဲ့ stuff ကို Miyeon ​ဦးညွှတ်လိုက်တယ်။ ထို့​နောက် သူမ ခုံ​ပေါ်မှာပြန်ထိုင်​လိုက်တယ်။

" သူက ​M group ရဲ့ ​ဒုဥက္ကဌ ဖြစ်လာမဲ့သူ??"

"သူ့မှာ chrisma ​တော်​တော်ရှိတာပဲ​နော်.. အမြဲ ရုပ်တည်တည်နဲ့"

"ငါ​တော့ သူ့ကို နည်းနည်း​ကြောက်ဖို့​ကောင်းတယ်ထင်တယ်"

Waiting room ထဲက ဆိုဖာ ​ခုံ​ပေါ်တွင် ထိုင်​နေကြတဲ့ Miyeonဖက်က stuff အချို့က ဝိုင်းဖွဲ့ပြီး စကား​ပြော​နေကြတယ်။ Miyeon လည်း သူတို့ ​ပြော​နေတဲ့ အ​ကြောင်းအရာကို စိတ်ဝင်စားပြီး သူတို့နား သွားခဲ့တယ်။

"ဘာကြည့်​နေတာလဲဟင်?"

"အာ.. Miyeon-ssi ဒါက M groupရဲ့ online conference ​လေ..M groupက ကျွန်​တော်တို့ companyမှာလည်း ရှယ်ယာ တွေဝင်ထားတယ် အခု ဒီ ဒုဥက္ကဌ အ​ရွေးခံရတဲ့ သူက နာမည်ကြီး​နေလို့ ကျွန်​တော်တို့လည်း စိတ်ဝင်စားလို့ကြည့်​နေတာ"

Transit Girl Where stories live. Discover now