"Seo Soojinနင် တကယ်ပဲ ဘယ်လိုတွေ လုပ်နေတာလဲ!!"
စိတ်ရှုပ်ထွေးမှုတွေ နဲ့ ဒေါသတွေ ပါနေတဲ့ ထိုအသံကြောင့် ကော်ဖီဆိုင်အတွင်းမှာ ရှိနေတဲ့ သူတွေရဲ့ အကြည့်တွေဟာ သူမတို့ နှစ်ယောက်အပေါ်ကျရောက်လာခဲ့သည်။
"ဒါမှန်းသိရင် ငါ အခန်းသပ်သပ်ငှားပါတယ်" မထီမဲ့မြင် အပြုံးနဲ့ သူမရဲ့ မျက်နှာကို မြင်လိုက်ရတော့ သူမ ရင်ထဲမှာရှိနေတဲ့ မီးက ပို၍ လောင်လာသည်။ မြေကြီးပေါ်မှာ ပြန့်ကျဲ့ နေတဲ့ လောင်စာဆီတွေ အပေါ် မီးညှိထားတဲ့ မီးခြစ်ဆံ တစ်ခုကို ပစ်ချလိုက်လို့ မီးတောက်တွေ ထွက်လာသလိုမျိး မြန်ဆန်တယ်။သို့သော် ထိုဒေါသကို သူမ ထိန်းရမည်။ ထိုဒေါသ ကို သူမ အား လောင်ကျွမ်းခွင့် ပြုလို့မရ။ သတိထားမိသော အခါ သူမ အရှေ့မှာ Soojinက သူမကို မကြည့်ပဲ ကော်ဖီ သောက်နေသည်။ ကိုယ်က လူတွေ ကြည့်နေတဲ့ ကြားထဲ မတ်တပ်အရပ်သားဖြစ်နေသည်။
နှုတ်ခမ်း အောက်ပိုင်းကို ကိုက်ပြီး လက်သီးဆုပ်ကာ Chaeyoung ပြန်ထိုင်လိုက်တယ်။
"နင်တို့ နှစ်ယောက်လုံးငါ့ကို ဘယ်လိုဆက်ဆံနေကြတာလဲ? ဟို ကလေးကလည်း ငါ့ကို လူကြီး တစ်ယောက်လို မဆက်ဆံ နင်လည်း အခု ထင်တာလုပ်တယ်။ နင့်ကို အဲ့လို မလုပ်ရဘူးလို့ ငါ ခဏခဏ သတိပေးတယ်မဟုတ်လား? "
" ဒါအပြင် ဘာနည်းရှိလို့လဲ?"
" ရှိတာပေါ့ နင် သူ့ဆီ ပြန်မသွားလည်း ရနေတာပဲ မဟုတ်ဘူးလား? နင် ရှေ့ဆက်သွားဖို့ ထွက်သွားပြီးပြီပဲ ဘာလို့ ပြန်လာနေသေးတာလဲ ဘာလို့ သူ့ကို နာကျင်စေမယ်မှန်း သိရက်နဲ့ ဒီလမ်းကိုပဲ ဆက်ရွေးရတာလဲ?"
" ငါသာ ထွက်မသွားခဲ့ရင် သူဒီလို ဘဝလည်း ရမှာမဟုတ်ဘူး... ငါလည်း အခုလို အဆင်ပြေဖို့ထက် Seoul မြို့က တစ်နေရာရာ မှာ အလုပ်လုပ်ရင်း သူကျောင်းပြီး ဖို့ ထောက်ပံ့ပေးနေလိမ့်မယ် .... သူလည်း ငါ ပင်ပန်းရတာတွေ အတွက် သူ့ကိုယ်သူ အပြစ်တင်မိမယ်။ ငါသူ့ကို အဲ့လို ဘဝမျိုးမပေးချင်ဘူး။"
" အဲ့တာဆို နင်က ဘာလုပ်မလို့ ပြန်လာတာလဲ?"
"ငါ ထွက်သွားတဲ့ အတွက် သူ့ဘဝ အရင်က ထက် ပိုအဆင်ပြေသွားတယ်။ သူ့အတွက် ဘဝအသစ် ဖြစ်လာတယ် ။ ဒါပေမယ့် ..."