Unicode
သူမ ငယ်ငယ်က အရမ်းကြောက်တဲ့ အိမ်နောက်ခန်းထဲက ရေချိုးခန်း အဟောင်းထဲမှာ ပိတ်မိနေသလိုမျိုး သူမရဲ့ လောက အမှောင်ကျနေတယ်။ စိတ်ထဲက အဲ့နေရာကို ရောက်သွားပြီးပြီဆိုရင် ပြန်လာရခက်တယ်။ မျက်ရည်တွေ ကျပြီးရင်း ကျသလို ငိုသံတွေ အော်သံတွေကလည်း ပိုကျယ်လောင်လာတယ်။ အသက်ရှူရတာလည်း မဝ။ လည်ချောင်းထဲ ရင်ဘတ်ထဲမှာ အစိုင်အခဲ တစ်ခု ရှိနေသလိုမျိုး။
"Miyeon! " သူမနာမည်ကို တစ်စုံတစ်ယောက်က ခေါ်နေသည်။ "Miyeon!" အိမ်အောက်ထပ်က သူမ တံခါးကို တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ထုရိုက်နေသည်။ "Miyeon! ငါ Shuhua ပါ! တံခါးလာဖွင့်ပါဦး!"
Shuhuaရဲ့ အသံကြားမှ Miyeon သတိပြန်ဝင်လာသည်။ သူမ အိပ်ယာပေါ် ထိုင်နေရာမှ တံခါးရှိရာသို့ ပြေးသွားတော့တယ်။ တံခါးကို ဆွဲဖွင့်လိုက်ပြီး Shuhua အိမ်ထဲရောက်တော့ Shuhua ကို ဆွဲဖက်ပြီး ငိုတော့သည်။
"အယ် Miyeon? " Shuhua လည်း Miyeonကိုပြန်ဖက်ထားလိုက်သည်။ "Miyeon ဘာမှမဖြစ်ဘူး မငိုနဲ့နော်"
Miyeonဘာမှ မပြောပဲ ငိုသာငိုနေသည်။
"ဒီကိုကြည့်" Shuhua ပြောလိုက်တယ်။ "စိတ်ငြိမ်ငြိမ်ထား အရင်ဆုံး ငါတို့ ဒီက ထွက်သွားမှရမယ်.."
"ဟမ်? ဒါပေမယ့် မန်နေဂျာ Han ဒီကိုလာဦးမှာ.."
"အင်း ငါသူ့ကို ဖုန်းဆက်ထားတယ် .. မင်းရဲ့ အိမ် လိပ်စာလည်း leak ဖြစ်သွားတယ် ...အိမ်နီးနားချင်း တစ်ယောက်က comment ရေးလိုက်တာ.. အဲ့တာကြောင့် ငါတောင် taxi နဲ့လာခဲ့တာ မကြာခင် သတင်းထောက်တွေ ဒီကို ရောက်ရင် လောက်လာ တော့မှာ"
"ဟယ်" Miyeon အံ့ကြိတ်ထားပြီး မျက်ရည်တွေ ထပ်မကျလာအောင် ထိန်းနေသည်။
"လာ... အပေါ်က အနွေးထည် တစ်ထပ်ဝတ်လိုက်" အဝတ် ဗီရိုထဲက Hoddie တစ်ထည်ကိုယူပြီး Miyeonကို ဝတ်ပေးလိုက်သည်။ သူမ စားပွဲပေါ်တင်ထားတဲ့ Maskဘူးထဲက mask ၂ခုကိုလည်း ယူလိုက်သည်။
"ရော့ ဒီလွယ်အိတ်ထဲမင်းလိုတာတွေထည့် " Miyeonရဲ့ လွယ်အိတ်ကိုပါ ယူပေးလိုက်တယ်။ "မင်းမှာ ဆိုင်ကယ်ရှိတယ်မလား? " Shuhua မေးတယ်။