Unicode
ဒီနေ့ ပိတ်ရက်ဆိုတော့ Soojin က Shuhua ကို အလည်ခေါ်သွားဖို့ ကတိပေးထားတဲ့နေ့လေးပေါ့
Soojin နဲ့ Shuhua တံခါးပေါ်ကို ပြေးထွက်လာကြတယ် သူတို့ရဲ့ အိမ်တွင်းစီး ဖိနပ်လေးတွေကို အတူတူ ထားပြီး ထွက်သွားခဲ့တယ်Soojinရဲ့ အမေ Soojinရဲ့ အခန်းထဲဝင်သွားခဲ့တယ်..
ပြီးတော့ သူမတွေ့လိုက်ရတာက ခုတင်ဘေးက စားပွဲခုံပေါ်က Soojinရဲ့ Shuhuaရဲ့ ဓါတ်ပုံတွေ...××××××××××××××××××××××××××××××××××
Soojin camera လေး တစ်လုံးကိုင်ပြီး သူ့ရဲ့ အချစ်ရဆုံးလေးကို အလှဆုံးပုံလေးတွေ ရိုက်ပေးနေတယ်
ရခဲ ရတဲ့ အခိုက်အတန့်လေးမို့လို့ သူမ အရမ်းတန်ဖိုးထားသလို အရမ်းလည်း ပျော်ရွင်ရတယ်ဟန်မြစ်နားကြီးကို နောက်ခံထားပြီးတော့လည်း ရိုက်ပေးပြန်တယ် ဓါတ်ပုံကြည့်နေရင်း နောက်ထပ်တစ်နေရာ ဆက်သွားမယ်ဆိုပြီး Shuhua ရဲ့ လက်ကိုSoojin ဆွဲလိုက်တဲ့ အချိန်မှာ ....
Shuhua က သူ့ရဲ့ လက်ကို ပြန်ဆွဲယူလိုက်တယ်
Soojin ရုတ်တရက် အတွေးပေါင်းစုံဝင်လာတယ်.."သူရှက်သွားတာလား?"
"ငါ့ရဲ့လက်ကို ကိုင်ပြီး လူကြားထဲ မသွားရဲတာလား?"
"အာ.. ဟုတ်ပါတယ်လေ... ငါတို့က မိန်းကလေး အချင်းချင်းပဲ... ဟုတ်တယ် မိန်းကလေး အချင်းချင်း မို့... ငါက အဆင်ပြေပေမယ့် ကလေးက ငယ်သေးတယ် အထင်သေးတဲ့ အကြည့်တွေ... စိတ်ပျက်တဲ့
အကြည့်တွေ.. သူ ခံစားဖို့ အရမ်းငယ်ပါသေးတယ်လေ .. အချိန်တစ်ခုရောက်ရင်တော့ အဆင်ပြေသွားမှာပါ..."Shuhua လည်းဘာပြောရမယ်မှန်းမသိတော့
သူ့ကို အရမ်း ဂရုစိုက်ပေးတဲ့ သူကိုမှ အခုလို
လုပ်မိတဲ့အတွက် အားနာသည်.. သူ့အတွက်ဆို
အမြဲတမ်း အဆင်သင့်ဖြစ်နေခဲ့တဲ့ သူကိုမှ ဒီလို လုပ်မိလို့သူ့ကိုယ်သူ အပြစ်တင်မိသည် ဒါပေမယ့် စိတ်ထဲမှာတော့ တစ်စုံတစ်ခုကို အားငယ်ပြီး ကြောက်နေခဲ့တယ်..သူတို့နှစ်ဦးကြား တိတ်ဆိတ်မှု ကြီးစိုးနေတဲ့ ကြားမှာ
"အနောက်နေ လိုက်ခဲ့လေ အိမ်ပြန်ရအောင်" Shuhua ကို ကျောပေးရင်း ကျလာတဲ့ မျက်ရည်စကို မသိမသာသုတ်ရင်း Soojin ပြောလိုက်တယ်