Unicode
ရေးထားတဲ့ "သတိရလိုက်တာ" ဆိုတဲ့ စာအုပ်ထဲက စာကြောင်းလေးတစ်ခုကို ကြည့်ရင်း ရင်ထဲကနေ စို့နင့်နေအောင် နာကျင်လာရတယ်။
ငါ့မှာတော့ အသိစိတ်ဝင်တိုင်း မင်းရဲ့ ရယ်သံတစ်ချို့ကို သတိရ နေပေမယ့် မင်း သတိရနေတဲ့လူကတော့ ငါဖြစ်မနေဘူးဆိုတာ အသိဝင်သွားတဲ့ အချိန်မှာပဲ ငါစိတ်တိုပြီး စာအုပ်ကို ပိတ်လိုက်တယ်။
မင်းဘေးနားက ပျောက်ကွယ်သွားမယ်တွေးပေမယ့်လည်း စက္ကန့်ပိုင်းလောက်ကြာတော့ ဖုန်းထဲက မင်းရဲ့contactကို မနည်းပြန်ရှာဖြစ်တဲ့ ငါပါ။
ငါက အချိန်ပိုင်းတစ်ခုအထိတော့ မင်းအလွမ်းဒဏ်ရာတွေနဲ့ လာခိုလုံခဲ့တဲ့ သူဖြစ်ခဲ့တယ်မဟုတ်လား။
ငါရဲ့နှစ်သိမ့်မှုတွေက မပြည့်စုံမှန်းသိပေမယ့် မင်းငါ့ဆီများ ထပ်ပြီးခိုလှုံချင်ဦးမလားဆိုတဲ့ အတွေးက ရပ်မရ။
မင်းကိုစကြိုက်ကတည်း ငါရဲ့ သိမ်ငယ်နေရတဲ့ ခံစားချက်တွေကို ကုတ်ခြစ်ထားပြီး သည်းခံခဲ့တာတောင် မင်းအချစ်ရဆုံး သူက ငါမဟုတ်ဘူးဆိုတာ သိလိုက်တိုင်း ဘာလို့ အဲ့လောက်တောင် နာကျင်နေရတာလဲဟင်။
ချစ်သူတွေ ဖြစ်လာတဲ့ အထိတောင် မင်းအဆင်ပြေရဲ့လား နေရော ကောင်းရဲ့လား သူ့အကြောင်းတွေးပြီး နာကျင်နေသေးလား မေးပြီး နှစ်သိမ့်ပေးချင်ပေမယ့် ငါ့စကားတွေက မင်းအတွက် အရေးမပါဘူးမဟုတ်လား။ ငါမေးလွန်းရင်တောင် နင် စိတ်အနှောက်အယှက်ဖြစ်ဖူးခဲ့မယ် မဟုတ်လား။
ဒါပေမယ့် မနေနိုင်တဲ့စိတ်က မင်းကို တစ်ခါတစ်ခါ မေးမိတယ်။ မေးတိုင်းမေးတိုင်း "ငါအဆင်ပြေပါတယ်" ဆိုပြီး အမြဲ ငါ့ ပူပန်မှုတွေကို ငြင်းလွှတ်တဲ့ မင်းက အရင်လတွေက အဆင်မပြေဘူးဆိုတဲ့ အကြောင်းပြောလာတော့ နှစ်သိမ့်ပေးရမလား။ စိတ်ပြောင်းအောင် ကူညီပေးရမလား။ မင်းပြောတာတွေ နားထောင်ပေးရမလား မေးမိပြန်တယ်။ မင်းငြင်းမှာ သိသိနဲ့။
ထင်ထားတဲ့ အတိုင်း မင်းဖက်က "ရပါတယ်" ဆိုတဲ့ စကားလေးပဲ ပြန်ကြားခဲ့ရတယ်။ ဒီတစ်ခါတော့ မင်းငါ့ကို ငြင်းရတဲ့ အကြောင်းပြချက်က အခုတလော ငါ ကုမ္ပဏီနဲ့ပင်ပန်းနေတာတွေကိုလည်း မင်းက သိနေလို့တဲ့လား။