Soojin : အဲ့တာဆို နင်လည်း ငါ့ကို ချစ်တယ်ပေါ့?Shuhua ဘာမှပြန်မပြော... Soojin က Shuhua ရဲ့ ပုခုံးလေးကို ဆွဲလိုက်တယ် Shuhua ရဲ့ မျက်နှာနားကို တိုးကြည့်ပြီး Shuhua ရဲ့ မျက်လုံးလေးတွေ မှိတ်သွားတော့ Soojin ပြုံးမိတယ်
Soojin သူ့ရဲ့ နှုတ်ခမ်းလေးတွေကို Shuhua ရဲ့ နှုတ်ခမ်း လေးတွေနဲ့ ထိကပ်လိုက်တယ် သူ Shuhua ကို နမ်းခဲ့တဲ့ အနမ်းတွေ ထဲမှာ ဒီ အနမ်းက ပထမဆုံး တုံ့ပြန်မှုရတဲ့ အနမ်း ဖြစ်တယ်.....
××××××××××××××××××××××××××××××××××
ညဖက် ရေချိုးပြီး အိမ်စာတွေ လုပ်ပြီးတော့ Soojin
ရဲ့ အခန်းထဲကို သွားတယ် အခန်းရှေ့ရောက်တော့ တံခါး ခေါက်လိုက်တယ်Soojin : ဝင်လာခဲ့ပါ
Shuhua တံခါးပေါက်ကနေ ခေါင်းလေး ဝင်ပြီး
Shuhua : ငါဒီမှာနေလို့ရလား?
Soojin လည်း ပြုံးပြီး
"ရတာပေါ့"Soojin က စားပွဲခုံမှာ ထိုင်ပြီး laptop ထဲက ဓါတ်ပုံတွေ ကြည့်နေခဲ့တယ် laptop ရဲ့ ဘေးမှာလည်း
ဓါတ်ပုံလေးတွေ.... Shuhua ဝင်လာတော့ Soojin ထိုင်ခုံပေါ်က ထလာပြီး Shuhua ကို ဖြေးဖြေးလေး ဖက်လိုက်တယ် Shuhua ရဲ့ ခါးကိုဖက်ပြီး ငြိမ်ငြိမ်လေး နေနေတယ်.."ဘာလို့လဲ? ရုတ်တရက်ကြီး?" Shuhua ကမေးလိုက်တယ်
"ဒီအတိုင်းပဲ... မင်းကို တစ်ခါမှ မဖက်ဖူးဘူးလေ ...
ဟုတ်တယ်မလား?""အင်း..."
Shuhua လည်း Soojin ရဲ့လည်ပင်းလေးကို
ပြန်ဖက်ထားလိုက်တယ် ခနနေတော့..Soojin : ငါအမြဲတမ်း လုပ်ချင်နေခဲ့တာ တစ်ခု ရှိတယ်
Shuhua ကို ဖက်ထားတာကို လွှတ်လိုက်ပြီး စားပွဲပေါ်က camera သွားယူတယ်
Soojin : ငါမင်းကို .. ဓါတ်ပုံရိုက်လို့ရမလား?
Shuhua : အင်း....
Soojin : ပြုံးနော်....
သူမ တစ်ခါမှ မခံစားခဲ့ရဖူးတဲ့ ခံစားချက်မျိုး
လူတစ်ယောက်ကို အမြဲတမ်း တစိမ့်စိမ့်
ကြည့်ချင်နေခဲ့တဲ့ ခံစားချက်မျိုး
ပိုင်ဆိုင်နေရပေမယ့်လည်း
ဆုံးရှုံး ခဲ့ရရင် ဆိုတဲ့ ခံစားချက်မျိုး
Shuhua ခံစားမိတယ်