Episode 3

290 30 4
                                    

Unicode
Soojin တံခါးက ထွက်ဖို့အလုပ်မှာ...

Shuhua : ​နေဦး...နင်က နှစ်ခုလုံးကို သ​​​ဘောကျတာလား ​ယောကျ်ား​လေး​​ရော မိန်းက​လေး​ရော...

Soojin : ငါမသိဘူး... ဒါ​ပေမယ့် ငါနှလုံးသားက တစ်​နေရာကို ကပ်ငြိမိသွားပြီထင်တယ်...

Shuhua :ဟင်?

Soojin : ပထမဆုံးအကြိမ်ပဲ ငါ​တောင်းပန်ပါတယ် ​ကောင်း​ကောင်း မရှင်းပြနိုင်လို့ ငါကိုယ်တိုင်လည်း နားမလည်ဘူး ငါသိတာ တစ်ခု​တော့ ရှိတယ် မင်းနဲ့ ပိုနီးစပ်ချင်တယ် မင်းကို ​တွေ့တိုင်း မင်းကို ထိချင်တယ် ငါထင်တယ် မင်းကို ချစ်မိသွားပြီလို့....

​နောက်​နေ့ မနက် Shuhua ထမင်းစားခန်းက ခုံ​ပေါ်မှာရှိတဲ့သူ့အ​မေ ရဲ့ ဓါတ်ပုံမှန်​ဘောင်​လေး အ​ရှေ့မှာ ထမင်းခွက်​လေးကို တင်ပြီး ​ဖ​ယောင်းတိုင် ထွန်း​နေတယ် Soojin ရဲ့ အ​မေရယ် Soojin ရယ်က​တော့ မနက်စာ ပြင်​နေတယ် ခန​နေ​တော့ Shuhua ရဲ့ အ​ဖေဝင်လာပြီး Soojin ရဲ့အ​မေအ​နောက်ကို သွားပြီး

Shuhua's appa : ကြက်ဥ​ကြော်လား

Soojin's omma : မနက်စာက ကြက်ဥ​ကြော်ဖြစ်​နေလို့ ​sorry ​နော်

Shuhua's appa : ကြက်ဥ​ကြော်က ငါ့အကြိုက်ဆုံးအစားအစာပဲ​လေ

Soojin's omma : ​တော်ပါ​သေးတယ်...

ထို့​နောက်ဟင်းပွဲ​တွေပြင်ပြီး အကုန်လုံး ထမင်းစားပွဲ မှာထိုင်လိုက်ကြတယ်

All :​ကောင်း​ကောင်းစားပါ့မယ်!

Soojin ရဲ့ omma နဲ့ Shuhua ရဲ့ appa တို့က စကား​ပြောရင်း မနက်စာ စား​နေကြ​တယ်

Shuhua's appa : တကယ်စားလို့ ​​ကောင်းတာပဲ

Soojin's omma : ​ကျေးဇူးပါ

Soojin နဲ့Shuhua တို့က​တော့ တိတ်ဆိတ်​​နေကြတယ် ခန​နေကျ​တော့ Shuhua က

Shuhua : ​ကျောင်းသွားနှင့်ပါ​တော့မယ်

Soojin ရဲ့အ​မေလည်း စိတ်မ​ကောင်းဖြစ်သွားပြီး
"ဟင်းက မ​ကောင်းလို့ ထင်တယ်"

Shuhua : မ..မဟုတ်ပါဘူး ... သိပ်​နေမ​ကောင်းလို့

Shuhua's appa : ကျန်တာ​တွေ အ​ဖေစားလိုက်မယ်​လေ ​​ပေး​​ပေး

Transit Girl Where stories live. Discover now