Shuhua အိပ်ယာက နိုးလာပြီး မျက်နှာသစ် သွားတိုက် ပြီးတော့ Uniform လဲပြီး အောက်ကို ဆင်းလာခဲ့တယ် အိမ်ကလူတွေကို ဘယ်လိုရင်ဆိုင်ရမယ်မှန်း မသိပေမယ့်...
အိမ်အောက် ရောက်ပြီး မီးဖိုချောင်ထဲဝင် တော့ ဘယ်သူမှ မရှိ .. အရင်လို အသံလည်းမကြား..
Soojinရဲ့ အခန်းဆီကိုပြေးသွားပြီး အခန်းတံခါးကို ဖွင့်ကြည့်လိုက်တယ်.. ဒါပေမယ့် အခန်းထဲမှာ ခုတင်တစ်လုံးရယ် ဗီဒို တစ်ခုရယ် အညိုရောင် စက္ကူ ပုံးတွေကလွဲလို့ တခြားဘာမှ မရှိခဲ့ပေ...
Shuhua ရင်ထဲ ဗလောင် ဆူသွားခဲ့တယ် Soojin ရဲ့ စားပွဲခုံနားပေါ်ကို သွားကြည့်တော့ သူတို့ နှစ်ယောက် အတူတူ ရိုက်ထားတဲ့ ဓါတ်ပုံလေး ကိုတွေ့လိုက်တယ်
ဓါတ်ပုံပေါ်မှာ စာတိုလေး တစ်ကြောင်းရေးထားခဲ့တယ်"ကျေးဇူးတင်ပါတယ်" တဲ့
Shuhua လွယ်အိတ်ကို အခန်းထဲထားခဲ့ပြီး အိမ်ပြင်ကို ထွက်ခဲ့တယ် Soojin ကို ဖုန်းဆက်တယ်
Soojin ဖက်က ပြန်မဖြေခဲ့.. Soojin သွားတတ်တဲ့ နေရာတိုင်း လိုက်ရှာခဲ့တယ် မြို့ထဲက ပန်းခြံ ရော..
ပန်းခြံနားက နတ်ကွန်းလေးရော.. သူဘယ်နေရာမှာမှ ရှိမနေခဲ့ဘူး...Soojin ကိုလိုက်ရှာရင်း တမနက်ခင်းလုံး ကုန်သွားခဲ့လေပြီ Shuhua စိတ်ပျက်စွာနဲ့ပဲ အိမ်ကို ပြန်လာခဲ့တယ် အိမ်ပြန်ရောက်တော့ အိမ်ရှေ့ မှာ Seong Wu ရောက်နေခဲ့တယ် ကျောင်းဝတ်စုံပဲ ဝတ်ထားပြီး လွယ်အိတ် လွယ်ထားတယ်
Shuhua ဆီကို လျှောက်လာပြီး မျက်နှာချင်းဆိုင်ရပ်လိုက်တယ်
"ဘာလို့ ကျောင်းမလာတာလဲ?"Shuhua ဘာမှပြန်မပြောပဲ SeongWu ရဲ့ ပုခုံးကို မှီပြီး အော်ငိုလိုက်တယ် ..
"Shuhua, ဘာဖြစ်တာလဲ?"
"ငါ့အစ်မ အိမ်က ထွက်သွားပြီ"
"အင်းပါ မငိုပါနဲ့ဟာ..နော်.."
Shuhuaအိမ်ထဲမဝင်ချင်ဘူး ဆိုတာနဲ့ Seong Wu လည်း သူ့အိမ်ခေါ်သွားခဲ့တယ်
××××××××××××××××××××××××××××××××××
ရေအေးတစ်ခွက်ယူလာပြီး Shuhua ရှေ့က စားပွဲပေါ် ချပေးလိုက်တယ် ပြီးတော့ စားပွဲရှေ့မှာ ထိုင်လိုက်တယ်.. နှစ်ယောက်စလုံး ၅မိနစ်လောက် ဘာမှမပြော..
ပြီးမှ Shuhua ရေသောက်လိုက်ပြီး