Unicode
March 2014
နာရီ နှိုးစက်သံကြောင့် မဟုတ်ပဲ မရှည်ရာသော အတွေးများကြောင့် မျက်လုံး နှစ်ဖက်ပွင့်လာသည်။ ခေါင်းမှာလည်း မကြည်လင်။ နေမင်းမှာလည်း မနှိုးထသေး။
ခုတင်ဘေးရှိ စားပွဲပေါ်က သူမ၏ဖုန်းကို ဖွင့်ကြည့်လိုက်သည်။ နံနက် ၅နာရီ ခွဲဖြစ်သည်။သူမ ကုမ္မဏီကို အစောသွားရမည်။ စာရင်း စစ်စရာရှိသည်။ ကုမ္မဏီ ဥက္ကဌနှင့် ငွေကြေးကိစ္စ ၊ ရှယ်ယာကိစ္စတို့ တိုင်ပင်ရမည်။ ထို အတွေးနှင့် ပူပန်မှုများကြောင့် သူမ အိပ်ယာပေါ်တွင် ဆက်ပြီး လှဲလှောင်းမနေနိုင်တော့ပေ။သူမ၏ ခုတင်ပေါ်မှ ထလိုက်သည်။ ထို့နောက် ရေချိုး ခန်းထဲ တွင် မျက်နှာသစ် သွားတိုက်ကာ ရေချိုးသည်။
ထို့နောက် အဝတ်အစားလဲကာ သူမ၏ တိုက်ခန်းမှ ထွက်လာခဲ့သည်။ သူမ၏ တိုက်ခန်းမှာ လွန်ခဲ့တဲ့ (၈) နှစ်က သူမ နေခဲ့တဲ့ အိမ်နှင့် ယှဥ်လျှင် အဆများစွာ သာလွန်သည်။ သူမ၏ ဝင်ငွေမှာလည်း သိန်းရာ ဂဏန်းအထက် ရှိနေပြီ။ သို့သော် လွန်ခဲ့တဲ့ (၈)နှစ်က ရခဲ့သည့် ပျော်ရွင်မှု သူမတွင် မရှိတော့ပေ။ သူမ၏ အဖေမှာလည်း ရောဂါဖြင့် ဆုံးသွားခဲ့ပြီ။ သူမ၏ ငယ်သူငယ်ချင်းများနှင့်လည်းအဆက်အသွယ် မရတော့ ။ သူမ ဘဝ၏ အချစ်ဦးမှာလည်း သူမ အနားက ထွက်သွားခဲ့ပြီ။ကားပါကင်မှ သူမ ၏ Lamborghini Aventadorကို lock ဖွင့်လိုက်သည်။ ထို့နောက် ကုမ္မဏီသို့ ဦးတည်ကာ မောင်းတော့သည်။
အဲ့အချိန်ကတည်းက သူမ နာကြဥ်းပြီး ထင်ရာစိုင်းခဲ့တာ တချိန်က ဘာဆို ဘာမှ မသိတဲ့ ကောင်မလေး တစ်ယောက်က အခုဆို ဘား တိုင်းတွင် သူမ၏ ခြေရာတွေကြည့်။ မိန်းကလေး တစ်ယောက်ပြီး တစ်ယောက်နှင့် အပျော်တွေ့လာသည်။ ကိုယ်ကိုယ်တိုင်ကိုလည်း နာကြည်းသလို သူမကို ထားသွားခဲ့သော သူကိုလည်း နာကြည်းသည်။ (၈)နှစ်လုံးလုံး သူမ၏ စိတ်ထဲတွင် နောင်တနှင့် သောကများသာ ပြည့်နှက်နေခဲ့သည်။ သူမ၏ အဖေ ဆုံးပြီးနောက်ပိုင်း သူမ၏ စိတ်အခြေအနေမှာ ပိုဆိုးလာခဲ့သည်။ တစ်ခါတစ်လေ သူမကို ထားခဲ့သောသူအား မေ့နိုင်အောင် အလုပ်ကို ဖိလုပ်သည်။ သူမ ထင်ရာစိုင်း သော်လည်း နာကျဥ်းမှူဖြင့် သူမ ဘဝကို ပိုကောင်းမွန်အောင် ကြိုးစားခဲသည်။