💚❤ ဦးရဲ့မုန်းသူ ❤💚
""""""""""""""""""""""""""""""""""""""
................(2) ................." ဟုတ်...တောင်း...တောင်းပန်ပါတယ်ဦး..
ကျွန်တော်သွားတော့မယ်နော်.."" ဟွန်း...အရေးမပါတာတွေလာလုပ်နေတယ်...သွား...ကျောင်းကို..."
" ဟုတ်..."
ရှောင်းကျန့် မျက်နှာလေးငယ်ကျသွားရကာ..ဦးညွှတ်နှုတ်ဆက်လိုက်ပြီး...အခန်းအပြင်သို့ ထွက်ခဲ့ရသည်...
အထဲမှ ချောင်းဆိုးသံကိုလည်း ကြားလိုက်ရပြန်သည်..." အဟွတ်....အဟွတ်...."
..................(New Star Private School, ဘေကျင်း..)
နေ့လည်စာ စားချိန်နားသည်မို့ ကျောင်းသားများအသီးသီး လှုပ်ရှားသွားလာနေကျသည်...
အခန်းထဲငိုင်ကာတစ်ယောက်တည်း ရှိနေရသည်က ရှောင်းကျန့်ပင်...
အိမ်တွင်နေမကောင်းပဲ ကျန်နေခဲ့သည့် ရိပေါ်အား စိတ်ပူနေရသည်မို့...ထမင်းစားချင်စိတ်လည်းမရှိရပေ...မနက်စောစောထကာ နေမကောင်းတဲ့သူစားရန်...ပြုတ်ပေးခဲ့သော မပြုတ်တတ်ပြုတ်တတ် ဆန်ပြုတ်လေးအား သောက်မှသောက်ပါ့မလားဟုလည်း စိတ်ပူနေရသည်..." ရှောင်းကျန့် ..."
". .........."
" ဟေ့ယောင်...ရှောင်းကျန့် ဘာဖြစ်နေတာလဲကွာ...ဟိုမှာမင်းကိုခေါ်နေတာကြာလှပြီ.."
" ဟင်....အင် ယွီပင်း...ဘယ်...ဘယ်ကခေါ်တာလဲ..."
" ဟောဗျာ မကြားဘူးလား... ရုံးခန်းက ခေါ်နေတာလေ...Speaker ကအသံကို တစ်ကျောင်းလုံးကကြားနေရတာကို မင်းတစ်ယောက်ပဲမကြားတာ..."
" ဟင်....အော်...ဟုတ်လား...ဒါဆို ငါသွားလိုက်ဦးမယ်..."
" အေးအေး...သွား မြန်မြန်.."
.................( ရုံးခန်း.....)
" ဆရာ...ကျွန်တော့ကိုခေါ်တယ်ဆို..."
ရှီးချန်.." အော်..ဟုတ်တယ်...သား မင်းကို ဆရာတို့ကျောင်းကိုယ်စားပြုအနေနဲ့....
' လူ့ဘဝပျော်ရွှင်မှု' ဆိုတဲ့ ခေါင်းစဥ်နဲ့ စကားပြောပွဲမှာထည့်ထားတယ်..."
![](https://img.wattpad.com/cover/261913870-288-k491398.jpg)
YOU ARE READING
💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)
Fanfictionမိဘတွေသေဆုံးမှုမှာ ပရောဂမကင်းတဲ့ ရှောင်းကျန့်ရဲ့ ပါပါးကြောင့် ရှောင်းကျန့်ကို ကလဲ့စားချေမိသလိုဖြစ်ရပေမယ့်..