11 💚❤

2.7K 148 2
                                    

💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(11) .................

YB. ." ဒါနဲ့ မင့်သားက ပုဇွန်ဘာလို့မစားတာလဲ... အလက်ဂျစ်ရှိနေတာလား...
ငါ့လိုလေ..."

XZ. ." အဲ ဟို...ဟို...ဟုတ်...ဟုတ်ပါတယ်...
ဦး..."

YB. ." အော်...မင်းရဲ့သားက ငါနဲ့တော်တော်တူတယ်နော်... သွေးကလည်း ရှားရှားပါးပါး O Negative တဲ့.. တူနေတယ်...ပုဇွန်ဓာတ်မတည့်တာလည်း တူတယ်...
ဟားဟား နောက်ထပ်ဘာတူဦးမလဲမသိဘူး..."

ရိပေါ်..ဟာသတစ်ခုသဖွယ်...စနောက်ရင်း ပြောနေသော်လည်း ရှောင်းကျန့် မျက်နှာက အပျက်ပျက်အယွင်းယွင်း...
ရှင်းမေ အခြေအနေကိုကြည့်ကာ ထိန်းရန်ပြင်လိုက်သည်...

ရှင်းမေ.." ကျန့်ကျန့် ရော့ စားနော်..အစ်ကိုက ဆေးခန်းဘယ်မှာဖွင့်မလဲ....တကယ်လို့ ကျန့်ကျန့်ကျောင်းတတ်မယ်ဆို..ညီမကူလို့ရရင် ကူပါမယ်... ကျန့်ကျန့် ကျောင်းတတ်ချင်ရင် ကျောင်းတတ်နော်.. ကျဲရှိတယ်.."

XZ. ." ဟုတ်... ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိဘူး သားကလည်းငယ်သေးတယ်."

လျန်စန်း.." ပါပါး သားကို ချိတ်မပူပါနဲ့ သားကို မာမားရော ဒယ်ဒီပါ ကရုချိုက်မှာပေါ့ပါပါးရဲ့..ကျောင်းတတ်ချင်တတ်နော်...ဒါတို ပါပါးကျောင်းတတ်မယ်ဆို သားနဲ့ အတန်းတူတူပဲယား.."

လျန်စန်း၏ အမေးစကားတွင် မနက်စာဝိုင်းလေးမှာ ရယ်သံများဝေစည်သွားရလေသည်.....

XZ. ." ဟားဟား... မဟုတ်ဘူးသားရဲ့ ပါပါးက သားထက်တစ်တန်းကြီးတယ်... "

လျန်စန်း.." အော်... ဒါချို ပါပါးကအတန်းတစ်နှစ်ကြီးတာပေါ့..."

ဟားဟားဟား ဟားဟားဟား.....
..............

ကျောင်းဝန်းထဲခြေပြန်ချချိန် ရှောင်းကျန့် ရင်အစုံက ငယ်ဘဝ...လွန်ခဲ့သော ငါးနှစ်ကြာ အချိန်အား သတိရမိနေသည်....
သူ့ရဲ့စိတ်နှလုံးအစုံက ဦးဆိုသောသူ၏ အသက်ရှုမှုအောက်တွင် ရှင်သန်ရသော အချိန်....

💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)Where stories live. Discover now