💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(4) .................ကလစ်.. ဂျိပ်.....
" ဦး....ဦး သတိထားပါဦး..."
တံခါးအားပိတ်ပြီးသည်နှင့် ရိပေါ်ခွေခနဲလဲကျသွားသည်မို့ ရှောင်းကျန့်ပြေးကာ ပွေ့လိုက်ရသည်....
ရိပေါ် ဟန်ဆောင်ကာထိန်းထားရသော ခြေထောက်များက အားလျှော့လိုက်သည်နှင့် မခိုင်တော့ပေ..." ငါ့ကို အခန်းထဲလိုက်ပို့ပေး..."
" ဟုတ်..."
ရှောင်းကျန့် ရိပေါ်အားထိန်းကာ ကုတင်ပေါ်တင်ပေးလိုက်ပြီး ခေါင်းအုံးလေးခုကာ ခပ်လျှောလျှောပင် မှီထိုင်စေလိုက်သည်...
" ဦး ဘယ်လိုဖြစ်တာလဲ..."
" CCTV မှတ်တမ်းအရ ငါ့ကားကိုခြေရာခံမိသွားတာ ငါအဲ့ဒါတွေလုပ်တိုင်း ကားနံပါတ်အတုနဲ့ပဲ ပြောင်းလုပ်တာမို့တော်သေးတယ်ဒါနဲ့ မင်းကဘာလို့စောစောစီးစီး
ပြန်လာတာလဲ..ကျောင်းက "" ဦးကိုစိတ်မချလို့ပါ..."
" အင်းပါ...ငါနားတော့မယ်...မင်းသွားတော့ "
" ဟုတ်ကဲ့ပါ...ဦး..."
ရှောင်းကျန့် ရိပေါ်အိပ်ခန်းမှ ပြန်ထွက်လာရသော်လည်း စိတ်မဖြောင့်နိုင်ပေ... သူ့ဦး ဘာတွေလုပ်ကိုင်နေလဲ... တစ်ခုခုမူမမှန်သည်ကိုတော့ ရိပ်မိနေပေပြီ...
...........
(နှစ်ရက်ခန့်အကြာ...)ဖန်းရှီ.." ကွေ့လီ... မင်းဘာဖြစ်နေပြန်တာလဲ... မေ့လီ ဖုန်းခေါ်တာကိုတောင် မင်းမကိုင်တော့ဘူးဆို...". .
ကွေ့လီ.." အာ...မင်းဘယ်လိုလုပ်သိလဲ...
အဲ့မိန်းမက မင်းကိုပြောတာလား.."ဖန်းရှီ.." ဟွန့် အေးပေါ့.. မင်းကိုအစောကြီးကတည်းက ပြောသားပဲ... မပက်သက်မိစေနဲ့လို့ မေ့လီက တခြားသူနဲ့မတူပါဘူးဆို..."
ကွေ့လီ အတွေးထဲ ယုန်ကလေးရှောင်းကျန့်အကြောင်းအား တွေးနေရင်းမှ မေ့လီဘက်သို့ အတွေးပြောင်းသွားရပြန်သည်... အဘယ်ကြောင့်ဆိုသော်...မေ့လီသည်လည်း သူ့ကဲ့သို့ပင်... ကစားပွဲအများကြီးအား ကျွမ်းကျင်စွာလည်ပက်နေသူ...ကွေ့လီ၏ လက်ရှိတွဲနေသူ... ထို့ပြင် မိဘအင်အားလည်းတောင့်ကာ အလှအပမှာလည်း စံနှုန်းမှီပင်... ပြောရလျှင် မေ့လီနှင့်ကွေ့လီသည်... နှစ်ဦးစလုံးမြွေဟောက်အသွင်ပင်ဖြစ်သည်...လွယ်လွယ်လေးရှင်းထုတ်လို့မရမည့်သူမျိုးပင်မို့ ကွေ့လီအနည်းငယ်ခေါင်းရှုပ်သွားသော်လည်း...
YOU ARE READING
💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)
Fanfictionမိဘတွေသေဆုံးမှုမှာ ပရောဂမကင်းတဲ့ ရှောင်းကျန့်ရဲ့ ပါပါးကြောင့် ရှောင်းကျန့်ကို ကလဲ့စားချေမိသလိုဖြစ်ရပေမယ့်..