💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(8) .................ဂျိမ်းးးးးးးဒလိန်းးးးးးဂျိမ်းးးးးးး
ဆိုင်အပြင်ဘက်တွင် မိုးများညို့မှိုင်းကာ သည်းထန်စွာ ရွာကျလာလေသည်...
: ဟင်...ရှောင်းကျန့်... ငယ်ငယ်တည်းက မိုးခြိမ်းသံကိုကြောက်တတ်တယ်... ဒီကလေး အခုဆို...ဘယ်နေရာသွားငိုနေမလဲ... ရှောင်းကျန့် သည်းခံပေးပါကွာ...
မင်းအန္တရာယ်ကင်းဖို့ပါ...သည်းခံပါ...
ငါ့ကိုလည်းမုန်းပစ်လိုက်ပါ...:
....................ဂျိမ်းးးးးးဒလိန်းးးးးးးဂျိမ်းးးးးး
ဝင်းခနဲလက်သွားသော လျှပ်စီးကြောင့် ရှောင်းကျန့်တုန်ခနဲပင် ဖြစ်သွားရသည်..
မိုးခြိမ်းလျှင်...သူ့အတွက်နေစရာမရှိတတ်.ဒီတစ်ကြိမ်တွင်တော့..တစ်ဝေါဝေါရွာချလာသော မိုးသည်းအောက်တွင် ခေါင်းငိုက်စိုက်ချရင်း ငိုလိုက်မိသည်...
ဘာလုပ်ရမည်နည်း...ဘာလုပ်လို့ရော ရပါဦးမည်နည်း...: ဦးက သူ့ချစ်သူနဲ့သူ ပျော်ပျော်ရွှင်ရွှင် လက်ထပ်မှာလေ...မင်းကဘာလို့.. ဘာလို့ ကြောင်တောင်တောင်နဲ့ ငိုနေရတာလဲ...
စည်းကမ်းပေါင်းသောင်းခြောက်ထောင်နဲ့ မင်းကိုရက်ရက်စက်စက်အပြစ်ပေးတတ်တဲ့သူက မင်းနဲ့ဝေးရာကို ရောက်သွားမယ့် ကိစ္စက မင်းအတွက် မကောင်းဘူးလား..
ရှောင်းကျန့် မမိုက်စမ်းပါနဲ့...:" အားးးးးးးး အီးဟီး.... အဟင့်...😭😭😭"
ရင်ဘက်အားဆုပ်ကိုင်ကာ ငိုကြွေးမိရင်း မခိုင်တော့သော ခြေထောက်များက လမ်းပေါ်သို့ အလိုလျှောက်ပင် ဒူးထောက်မိလျှက်သား....
.................." အင်း... "
" ရှောင်း...ရှောင်းကျန့်..သတိရလာပြီလား.."
" ငါဘယ်ရောက်နေတာလဲ...ရှန်းပိုင်.."
" မင်း ငါ့အိမ်မှာ..နေဦး ယွီပင်းကိုဖုန်းဆက်လိုက်ဦးမယ်...သူလည်းငါတို့နဲ့လာနေနေတယ်လေ...အခုမုန့်သွားဝယ်တယ်... "
YOU ARE READING
💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)
Fanfictionမိဘတွေသေဆုံးမှုမှာ ပရောဂမကင်းတဲ့ ရှောင်းကျန့်ရဲ့ ပါပါးကြောင့် ရှောင်းကျန့်ကို ကလဲ့စားချေမိသလိုဖြစ်ရပေမယ့်..