💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(15) ................." ရိပေါ်... မင်းကွာနေစိမ့်လိုက်တာ...ငါ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဘေကျင်းရောက်တော့ မင်းအိမ်ကိုလိုက်ခဲ့သေးတယ်...မင်းပြောင်းသွားတဲ့အိမ်လေ... မင်းမရှိတော့ဘူး... "
" အဟင်း...ဟုတ်တယ်..ငါအိမ်ထပ်ပြောင်းလိုက်တာ... "
" အေးပါ... ငါနားလည်ပါတယ်... ဒါနဲ့ ရှောင်းကျန့်ရော... "
" ရှောင်းကျန့်လား..."
" မင်း ရှောင်းကျန့်နဲ့ ပြန်ပြီးအဆင်မပြေသေးဘူးလား ကလေးက မင်းမျက်နှာပဲ ကြည့်နေတတ်တာပါကွာ... "
" ကျန်းချန်. မင်းကလည်းလေ...စတွေ့တွေ့ချင်း ငါ့အပြစ်ပြောနေပြီ...ဟင်း..."
" ကဲကဲ ထားလိုက်တော့ ငါ့ဆေးရုံက သေးတော့သေးတယ်ဟ ခွဲစိတ်ဆရာဝန်က လောလောဆယ် လစ်လပ်နေတာ...အဲဲ့ဒါကြောင့် ဘေကျင်းကိုလှမ်းအကူအညီတောင်းတာ... House ဆင်းနေတဲ့ အထဲ ကျွမ်းကျင်တဲ့သူရှိတယ်ဆိုပြီး ပို့လိုက်တာ မင်းဖြစ်နေမှန်းငါမသိဘူး... ဘာပဲဖြစ်ဖြစ် ဝမ်းသာတယ်ကွာ...ငါ့သူငယ်ချင်း..."
" အေးပါကွာ... ငါလည်းဝမ်းသာပါတယ်.."
ကြာခဲ့ပြီ...ကျောင်းအတူတတ်ခဲ့တဲ့သူငယ်ချင်းက ဆေးရုံအုပ်ဖြစ်နေပြီ ကိုယ်က အခုမှ အလုပ်သင်... ဒါပေမယ့် အဲ့ဒါတွေကို ကရုမစိုက်နိုင်ပါဘူး...
ရှန်ဟိုင်းရောက်နေချိန်...ရှောင်းကျန့်အား တစ်ဖက်က ရှာဖွေနိုင်မည်... ဘေကျင်းတွင်တော့ ကျိရှန်းပိုင်က ဦးဆောင်လှုပ်ရှားနေသည်...
နှစ်တွေကြာတာတောင် ရှန်းပိုင်က ရှောင်းကျန့်အပေါ် ကောင်းမွန်တုန်းပင်....သံယောဇဥ် ရှိနေတုန်းပင်...
မထင်မှတ်ပါပဲ ရိပေါ်...ကျိရှန်းပိုင်ဖြင့် ပူးပေါင်းကာ ရှောင်းကျန့်အား ရှာပုံတော်စခန်းဖွင့်မိရလေသည်..." ရိပေါ်... မင်းနေရမယ့် အခန်းကိုလိုက်ပြလိမ့်မယ်... ဆေးရုံဝန်ထမ်းလိုင်းခန်းမှာပဲ ပြင်ထားတယ်...မင်းအပြင်မှာ နေချင်ရင်လည်း ရပါတယ် ငါစီစဥ်ပေးမယ်လေ..."
YOU ARE READING
💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)
Fanficမိဘတွေသေဆုံးမှုမှာ ပရောဂမကင်းတဲ့ ရှောင်းကျန့်ရဲ့ ပါပါးကြောင့် ရှောင်းကျန့်ကို ကလဲ့စားချေမိသလိုဖြစ်ရပေမယ့်..