19 💚❤

3.1K 156 1
                                    

💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(19) .................

ကျန်းချန်.." မင်းသေချာပြီလား ရိပေါ်..."

YB. ." ငါဆုံးဖြတ်ပြီးပြီကွာ... မဟုတ်ရင် ငါ့သားလေးအတွက်ရော ရှောင်းကျန့်အတွက်ရော မကောင်းတော့ဘူး "

" ဆိုတော့ မင်း ကုသလိုင်စင်ကို ဘေကျင်းကပဲ ယူမယ်ပေါ့...ရှောင်းကျန့်ကမင်းနဲ့ အတူလိုက်မှာတဲ့လား "

" အဲ့...အဲ့ဒါကတော့ "

ခက်ပါသည်.. မနေ့က...

ရိပေါ်...လျန်စန်းလေးအား ကျောင်းဝင်ကြိုလာသည့် ရှောင်းကျန့်နောက်မှ နောက်ယောင်ခံလိုက်လာရင်း ကလပ်သို့ဝင်သွားသည်ကိုမြင်ခဲ့သည်... ချက်ချင်းလိုက်ဝင်လျှင် မြင်သွားမည်စိုးသောကြောင့်... ညနက်ချိန်ကလပ်ထဲသို့ ဝင်ကာ ထိုင်ရင်းကြည့်နေမိရသည်... ကြည့်ရင်းပင်ရင်မောနေရပြီ...

ကိုယ့်ကိုထိကပါးရိကပါးလုပ်ကာ ကိုယ်ထိလက်ရောက်ကျူးလွန်လာသူကိုပင် မာမာတင်းတင်းပြန်လည်မချေပနိုင်...
လက်သီးတင်းတင်းဆုပ်ကာ သည်းခံလိုက်ရသော ရှောင်းကျန့်အား... မြင်တွေ့ခဲ့ရပြီလေ...

: ရှောင်းကျန့်ရာ...ကလေးရာ...ဘယ်လိုတောင်ရုန်းကန်နေရပြန်တာလဲ...:

" မသေချာပဲနဲ့ကွာ..ရှောင်းကျန့်အတွက် စိတ်ဒဏ်ရာတွေ ထပ်ပေးသလို ဖြစ်ဦးမယ်နော်..."

" ငါ...ငါက ဘာကိုစိတ်ဒဏ်ရာပေးလို့လဲ "

" ရိပေါ်... ငါအကုန်သိပါတယ်ကွာ... မင်းကျောင်းနားပြီး ရှောင်းကျန့်ကိုလည်းပျိုးထောင်ရင်း နေခဲ့တယ်ဆိုတာ... ပြီးတော့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အကြမ်းဖျင်းငါသိထားပြီးပြီ.. "

" မင်းက ဘယ်လိုလုပ်သိတာလဲ..."

" အစ်ကို့ရဲ့ ညီဝမ်းကွဲတစ်ယောက်က ဘေကျင်းကလေ...နာမည်ကိုပြောလိုက်ရင် မင်းပိုပြီးအံ့သြမယ်...သူ့နာမည်က မုထျန်းရန်..."

" ဘာ...ဘယ်...ဘယ်လို.."

" အွန်း...ငါလည်းသိတာမကြာသေးပါဘူး
အဲ့နေ့က အစ်ကို့ဆီကို တစ်ယောက်ယောက်ပဲ...ဖုန်းဆက်တယ် အစ်ကိုထျန်းရန် ပျက်စီးနေပြီတဲ့ အရက်အိုးထဲ ခေါင်းစိုက်နေရပြီတဲ့. တကယ်တော့ကွာ အစ်ကိုထျန်းရန်လည်း ငယ်တော့တဲ့အရွယ်မှ မဟုတ်တာ.."

💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)Where stories live. Discover now