💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(20) ................."""""" ဟင့်အင်း မပေးဘူး လွှတ်...လွှတ်...
သားးးးးးးးး ငါ့သားကိုလွှတ် 💥💥"''''''''''" သားးးးးး..."
" ရှောင်းကျန့် နိုးပြီလား... ဘယ်နားနာနေသေးလဲ...."
" ဟင်...ဟင့်အင်း..."
နိုးလာလာချင်း မြင်ရသည်က... မီးဆိုင်းတစ်ခုချိတ်ထားသော မျက်နှာကျက်...
ပြီးတော့ အိပ်ရာဖြူဖြူတစ်ခုပေါ်...လှဲလျောင်းလျက်သား...
လက်ခုံနုနုသို့ဖောက်ထွင်း တွယ်ချိတ်ထားသော ဆေးပိုက်တန်း...သား...သား ဘယ်ရောက်သွားပြီလဲ...
" သားးးးးး ဟင့်အင်း..."
အိပ်ရာပေါ်မှ ကြုံးထရန်ကြံနေသော ရှောင်းကျန့်... တစ်စုံတစ်ယောက်၏ တားဆီးခြင်းခံလိုက်ရသည်...
" သားလည်းရှိပါတယ်... သူ့သူငယ်ချင်းနဲ့ ဆော့နေတယ်... ရှောင်းကျန့် စိတ်ကိုထိန်းစမ်း..."
ပုခုံးနှစ်ဖက်အား ဖိထားကာ... အသံမာမာတစ်ချက်ဖြင့် တားဆီးလာသူအား မော့ကြည့်မိရသည်....
အရိုးထဲ...အသွေးအသားထဲမှပင် ခိုင်မာစွာချစ်ရသူ... ထို့ပြင်ဆန့်ကျင်ဘက်အနေဖြင့် လိပ်ပြာလွင့်အောင်ပင်ကြောက်ရသူ... ဦး.." ဟင်...ဦး..ဦးကဘယ်လိုလုပ်..."
" အင်း နောက်မှဖြည်းဖြည်းချင်း ပြောပြမယ်...အခု နားမှဖြစ်မယ် မင်းတော်တော် အားနည်းနေတယ်...အိပ်ချိန် စားချိန်ကလည်း မမှန်...ပြီးတော့မင်းတင်မကဘူး...သားလည်းအတူတူပဲ...နေ့လည်ကျောင်းတတ် ညဘက်မင့်ဆိုင်ကိုလိုက်နဲ့ အဲ့ကလေးက နှုတ်က ပြောသာမထွက်တာ အရမ်းပင်ပန်းနေပြီ အဲ့ဒါကို သိရဲ့လား "
ကရုဏာဒေါသဖြင့် ပြောမိသည်က စကားသံမာမာဖြစ်သွားရသည်...ယခုမှ သတိရသူတစ်ယောက်အနေဖြင့်တော့ ငိုချင်လျှက်လက်တို့လာသကဲ့သို့...
ဦးဆိုသော သူကပြောခဲ့လျှင် ခွန်းတုံ့ပြန် ဖြေရှင်းမှုထက် မျက်နှာငယ်ကာသာ မိမိစိတ်နှလုံးအား ဖွင့်ချတတ်သူပီပီ စကားလုံးများတော့ ရှောင်းကျန့်နှုတ်က ထွက်မလာနိုင်ပါ...
YOU ARE READING
💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)
Fanficမိဘတွေသေဆုံးမှုမှာ ပရောဂမကင်းတဲ့ ရှောင်းကျန့်ရဲ့ ပါပါးကြောင့် ရှောင်းကျန့်ကို ကလဲ့စားချေမိသလိုဖြစ်ရပေမယ့်..