12 ❤💚

2.8K 157 2
                                    

💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(12) .................

" ရှောင်းးးးးးးးးရှောင်းကျန့်.."

" ဟင်...ကွေ့...ကွေ့လီ..."

ရှောင်းကျန့် ကွေ့လီနှင့် မုထျန်းရန်အား တစ်ချိန်တည်းတွေ့မြင်လိုက်ရခြင်းကြောင့် ကမ္ဘာတစ်ခုလုံး ပြောင်းပြန်လည်ပတ်သွား သကဲ့သို့ပင်...

သို့မဟုတ်...........

ထိုသုံးဦးနှင့် ဆက်စပ်၍ ပါလာသော အရိပ်အငွေ့များက နောက်တစ်ကြိမ် နာကျင်စေဦးမည်လားဟုပင်...

" ရှောင်းကျန့် Bunnyလေး မင်း...မင်းဘယ်တုန်းက ပြန်ရောက်နေတာလဲ..."

" အင်း သိပ်တော့မကြာသေးပါဘူး.."

" ပိန်သွားလိုက်တာ..ဘယ်တွေကိုရောက်နေရတာလဲကွာ ဟင်... ဘယ်လိုသတ္တိတွေနဲ့များ မင်းထွက်ပြေးရတာလဲ "

ကွေ့လီမှာ အရူးတစ်ယောက်လိုပင် ဟန်မဆောင်နိုင်အောင် ရှောင်းကျန့်ပုခုံးနှစ်ဖက်အား ဆွဲကိုင်ကာ မေးလေပြန်သည်...

ကံကောင်းပါသည်... ကိုယ့်ကိုချစ်သည့်သူများရှိတာ ကံအလွန်ကောင်းပါသည်...
သို့သော်...
မည်သူမဆို တစ်ကမ္ဘာလုံးက ကိုယ့်ကိုချစ်ပါသည်ဆိုစေတော့...
ကိုယ်ချစ်ရသူတစ်ဦးတစ်ယောက်တည်းဆီမှ အပြန်အလှန်သော ချစ်ခြင်းကို မခံရလျှင်တော့ ကံဆိုးမှုတစ်ခုပင်ဟု ရှောင်းကျန့် တွေးနေမိသည်...

ဦး... ဦးကမချစ်ခဲ့ဘူးလေ...ဘယ်တုန်းအခါကမှပေါ့.. ဦးဆီကထွက်ပြေးခဲ့သော်လည်း တစ်ကယ်တမ်းတွင် ဦးဆီက မလွတ်မြောက်ခဲ့ဘူးပါ...

XZ.. " ဒီ..ဒီလိုပါပဲ ဟို...ဦး...သားအတွက် ဆေးလာယူတာပါ...ရပြီလား.."

YB. ." အော်..အေး ရပြီ..လျန်စန်းကို မနက်ရယ်..ညရယ်တိုက်လို့ ရှင်းမေကိုလည်း ပြောထားလိုက်ဦးနော်.."

XZ. ." ဟုတ်ကဲ့ပါ ဦး.."

ကွေ့လီ.." သားးး?? ဟုတ်လား Bunnyလေး.
ဘယ်သူ့သားလဲ.."

💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)Where stories live. Discover now