💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(18) ................." သား... ဒယ်ဒီနဲ့တွေ့တာကို သားပါပါး မသိသေးဘူးမို့လား..."
" မသိသေးပါဘူး ဒယ်ဒီရ... ဒယ်ဒီ ပါပါးကလေ...ဒယ်ဒီ့ကို ဘာလို့ကြောက်တာလဲဟင် "
" ဒယ်ဒီကိုလား... သားရယ်...ဒယ်ဒီက မကောင်းလို့ပေါ့... "
" ဒယ်ဒီကဘာလို့ မကောင်းတာလဲ "
" ဒယ်ဒီက သားပါပါးကိုအများကြီး ဆိုးခဲ့တာလေ...အဲ့လိုဆိုးခဲ့တော့ သားပါပါးက ဒယ်ဒီကို ကြောက်နေရော..."
ကျောင်းအပြင်ဘက်နား သစ်ပင်ပုလေးများ ဝန်းရံထားတဲ့ကြားက မြက်ခင်းစိမ်းစိမ်းပေါ်...လျန်စန်းလေးနှင့် ရိပေါ်...
စကားပြောနေမိရသည်...ခိုးကြောင်ခိုးဝှက်လာတွေ့ရခြင်းဆိုလျှင်လည်း မမှားပေ... ရှောင်းကျန့်က တကယ်ကို သူ့အားလက်ခံလာစေရန်... နောက်တစ်ကြိမ် ထပ်မံထွက်မပြေးတော့စေရန်... ရိပေါ်..ညှိနှိုင်းရေးလုပ်မှ ဖြစ်မည်ကို သဘောပေါက်နေရပြီ...
ပြီးတော့ ဖြစ်ခဲ့သမျှ ကိုယ့်ဘက်ကအလွန်သာ များခဲ့သည်လေ....
ကိုယ်တိုင်ကျူးလွန်ထားခြင်းမဟုတ်ပါပဲ ' 'ဖခင်ဖြစ်သူ၏ အမှားအား သားဖြစ်သူက ခံရမည်' ဟု ခံယူကာ တူးတူးခါးခါး မုန်းပစ်ခဲ့သည်...ရှောင်းကျန့်ကလည်း သူတစ်ဖက်သက်မုန်းသမျှကို ခါးစီးခံပေးခဲ့သည်...
အဆုံးစွန်ထိကျူးလွန်မိခဲ့တာတောင်... 'တောင်းပန်ပါတယ် ' တစ်ခွန်းမပြောမိခဲ့သော မိမိ...." သား... ဒီဖုန်းထဲမှာဒယ်ဒီ့ ဖုန်းနံပါတ်ထည့်ထားတယ်... သားယူထားနော်..ပြီးတော့ သားပါပါးလည်း မမြင်စေနဲ့ဦးနော်... ပါပါးမဆက်ဘူး..သားက တစ်ခုခုထူးရင်ဆက်ပေးနော်.. ဟုတ်လား..."
" ဟုတ်...ဒယ်ဒီ... သားက ဒယ်ဒီ့သားဆိုတာ ဘာပြောတာလဲ ရန်ကျန်းလိုမျိုးပဲလား "
" အမှန်ပေါ့သားရယ်...သားကလည်း ရန်ကျန်းလိုပဲ... သားပါပါးရယ်...ဒယ်ဒီရယ် နှစ်ယောက်ကမွေးထားတာပေါ့ သားရဲ့..."
YOU ARE READING
💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)
Fanfictionမိဘတွေသေဆုံးမှုမှာ ပရောဂမကင်းတဲ့ ရှောင်းကျန့်ရဲ့ ပါပါးကြောင့် ရှောင်းကျန့်ကို ကလဲ့စားချေမိသလိုဖြစ်ရပေမယ့်..