💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(Final) .................နှစ်နှစ်ခန့်အကြာ...( ရှန်ဟိုင်းအကျဉ်းထောင်)
ကလစ်လစ် ဂျိမ်းးးးးး.
ထောင်တံခါးကြီးပွင့်သွားပြီးနောက် ရိပေါ် ခေါင်းကိုငုံ့၍ လူထွက်ပေါက်လေးမှ ထွက်လာသည်ကို မြင်လိုက်ရသည်...
ကွဲကွာနေတာကြာခဲ့ပြီမို့ ရိပေါ်အားကြည့်ရင်း ရှောင်းကျန့် မျက်ရည်များက စီး၍ကျလာကာ မေ့ဖျား၌ ရစ်တည်ရပ်တန့်လေသည်...
သုတ်ပေးမည့် ဦးက အနားသို့ရောက်မလာသေးမို့ ကိုယ်တိုင်မသုတ်တော့ပါလေ...." ဒယ်ဒီ....သားတို့ဒီမှာ..."
လျန်စန်းလေးက သူ့အားလက်ဆွဲထားသော ပါပါးရှောင်းကျန့်ဆီမှ ဒယ်ဒီရိပေါ်ဆီကို အတင်းပြေးသွားကာ ခွဖက်လိုက်လေသည်မို့ ရိပေါ်ပင် ယိုင်ခနဲဖြစ်ရသည်...ပြီးနောက် သားဖြစ်သူအား နမ်းရှိုက်မဝသလို နမ်းလိုက်ပြီး ရှောင်းကျန့်အားကြည့်ကာ လက်တစ်ကမ်းပေးသည်မို့ ရှောင်းကျန့်ပြေးကာပင် ဖက်လိုက်မိသည်...
ယခုဆို ဦး၏ရင်ခွင်ထဲ သူရောသားပါ..ရောက်နေလေပြီ...
အမြဲလိုနေချင်ခဲ့ရသည့်ရင်ခွင်လေးက သားနှင့်သူ့အတွက် နွေးထွေးစွာပင် လုံခြုံရလေသည်..." ဦး..."
" ကလေး.."
တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဆုံကာ ကြည်နူးစွာ လွမ်းခဲ့ရသော အချိန်များအတွက်အတိုးချကြည့်နေမိသည်မှာ မည်မျှကြာသည်မသိ... ကျန်းချန် ချောင်းအဟန့်... ရှင်းမေ၏ တခိခိ ကျိတ်ရယ်သံကြားမှပင် ရှက်ကိုးရှက်ကန်း အကြည့်မလွှဲချင် လွှဲချင်ပင်...လွှဲခဲ့ရလေသည်....
ကျန်းချန်.."ရှောင်းကျန့် မျက်နှာမှာဘာလဲ "
XZ. ." ဗျာ...ဘာ..ဘာပေနေတာလဲ "
ကျန်းချန်.." အော်..ရိပေါ် မျက်လုံးကြီးမှာ ကပ်ပါလာတာလားလို့..."
ဟားဟားဟား...ဟားဟား...
ပြီးနောက်... ကျန်းချန်..ရိပေါ်အား ဖက်ကာကြိုဆိုရမိပြန်သည်...ရိပေါ်၏ ကျောအား တစ်ဖက်ဖက် ရိုက်လိုက်ပြီး..
![](https://img.wattpad.com/cover/261913870-288-k491398.jpg)
YOU ARE READING
💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)
Fanfictionမိဘတွေသေဆုံးမှုမှာ ပရောဂမကင်းတဲ့ ရှောင်းကျန့်ရဲ့ ပါပါးကြောင့် ရှောင်းကျန့်ကို ကလဲ့စားချေမိသလိုဖြစ်ရပေမယ့်..