💚❤ ဦးရဲ့မုန်းသူ ❤💚
"""""""""""""""""""""""""""""""""""""""
................(6) ................." ဂေ့..ဟိဟိ... ပျော်စရာကြီး... ဟိဟိ ချစ်ရသော ဦးရေ မပျော်ဘူးလားဗျာ..."
ပါးမို့လေးများရဲနေသော ရှောင်းကျန့် မူးနေသဖြင့် ရိပေါ်အားလည်း မကြောက်တော့ပဲ ပြောချင်ရာပြောနေမိသည်...
ရိပေါ်မှာ ရှောင်းကျန့်လောက် မဆိုးသော်လည်း သူလည်းရီဝေဝေဖြစ်နေရသည်...." မင်းဆက်မသောက်နဲ့တော့ မရတော့ဘူး.."
" အွန်းးးးးး သောက်တော့ဘူးနော်.. ဦးစကားကို နား....ထောင်....မယ်....".
" ဟေ့ဟေ့ နားထောင်မယ်ဆိုပြီး လက်က ပုလင်းကိုလှမ်းနေပြန်ပြီ..တော်တော့လေ.."
" ဟုတ်... ဟိ မသောက်တော့ဘူး..
ဘာလို့မသောက်တော့တာလဲသိလား ဦး". ." မူးနေလို့ပေါ့ "
" Nope Nope ဟုတ်ဘူးးးးး ဦးစကားကိုနားထောင် ချင် လို့ "
" အင်း ကောင်းတယ်.."
" ဘာလို့စကားနားထောင်တာလဲ သိလား.."
ရိပေါ်...သူ့ဘာသူသောက်ရန် ခွက်ထဲအရက်ငှဲ့ထည့်လိုက်ရင်း မေးလိုက်သည်..
ထိုခွက်အား ရှောင်းကျန့်ကယူကာ တစ်ကျိုက်တည်းမော့ချလိုက်ပြီး...
လက်ညိုးတစ်ချောင်းထောင်ကာ သူ့စကားသူဆက်လေသည်...ရိပေါ်လည်း နောက်တစ်ခွက်ထပ်ငှဲ့လိုက်ကာ သောက်ရန်ပြင်လိုက်သည်..
" ဦးကို ချစ်လို့...".
" ဖွီးးးးးး ဘာ...". .
" ဟုတ်တယ် ဦးရဲ့ ကျွန်တော်က ဦးကိုချစ်နေတာ... ဟောဒီရင်ဘက်ကြီးနဲ့ အပြည့်အဝကိုချစ်နေတာ "
" မင်း ငါ့ကိုချစ်လို့မရဘူး..."
" ဘာလို့လဲ ..."
" .................. "
: ငါဘယ်လိုပြောရမလဲရှောင်းကျန့်... မင်းအသက်ကိုကာကွယ်ဖို့လို့ ငါပြောရင်ရော မင်းကရှေ့ဆက်တိုးမှာပဲမလား:
![](https://img.wattpad.com/cover/261913870-288-k491398.jpg)
YOU ARE READING
💚❤ ဦးရဲ့မုန်းသူ ❤💚 (Completed)
Fanfictionမိဘတွေသေဆုံးမှုမှာ ပရောဂမကင်းတဲ့ ရှောင်းကျန့်ရဲ့ ပါပါးကြောင့် ရှောင်းကျန့်ကို ကလဲ့စားချေမိသလိုဖြစ်ရပေမယ့်..