9

641 66 0
                                    

လောကကြီးက တခါတလေ စိတ်နာဖို့ကောင်းတယ်။ကိုယ်စီစဉ်ထားတာတွေကျဖြစ်မလာပဲ မစီစဉ်ထားတာတွေမှ ဖြစ်လာရတယ်လို့~

"သမီး နောက်တစ်ပတ်ထဲ စာမေးပွဲရှိတယ်မလား"

​ကျောင်းသွားဖို့ အောက်ထပ်သို့ဆင်းလာတော့ ဧည့်ခန်းမှာထိုင်နေတဲ့ ဖေကြီးကမေးလာခြင်း~

"ဟုတ် ဖေကြီး"

"စာသေချာလုပ် ပြီးတော့ ဒီနေ့ကစပြီး ဂျောင်ကုကို အကြိုအပို့လုပ်ပေးဖို့ ခနနားခိုင်းထားတယ် တော်ကြာ အဲ့ကိစ္စနဲ့ သမီးနေရထိုင်ရခက်ပြီး စာထဲတောင် အာရုံမထားနိုင်မှာဆိုးလို့"

အကြိုအပို့လုပ်ပေးဖို့ ခနနားခိုင်းထားတယ်ဆိုတဲ့စကားကြားတော့ ရှုပ်နေတဲ့စိတ်တွေ နည်းနည်းတော့ လျော့သွားမိသည်။

"ဟုတ်ဖေကြီး ဒါဆိုသမီးသွားတော့မယ်နော်
နောက်ကျနေမယ်ဆိုးလို့"

"အေးပါ အေးပါ"

ဟိုလူကြီးနဲ့သွားရတာမဟုတ်တော့ နေရထိုင်ရတာ အတော်တော့ သက်သာသည်။အရင်လို ဘတ်စ်ကားလေးစီးရင်းနဲ့ပဲ သီချင်းလေးနားထောင်ပြီး သွားရတာပေါ့။ဒီအရသာလေးကို မခံစားရတာလည်း အတော်ကြာနေပြီလေ။

ကျောင်းရောက်တော့လည်း အေးအေးဆေးဆေးပင်။လမ်းလျှောက်ကာ ကန်တင်းဘက်သို့လာဖြစ်သည်။

ရောက်ရောက်ချင်း မျက်စိဆံပင်မွှေးဆူးရတာပင်။မနေ့ကအထိ ပြေးလွှားပြီး ဖြေရှင်းပေးရတဲ့ ယောန်ဆူး အတွဲက အမြင်ကပ်စရာပင်။သဲသဲလှုပ် ပလူးနေကြသတဲ့။စာမေးပွဲရှိတာကိုပင် မေ့နေကြသလားမပြောတတ်။ကိုကြီးဆော့ဂျင်တို့အတွဲကတော့ ပိုတာတော့မဟုတ် ရိုတော့ ရိုကြတာပေါ့။ဟိုအတွဲလိုမဟုတ်~တခါတလေ ကိုယ့်ကိုယ်ကိုပြန်ကြည့်ပြီး သနားမိတယ်။စီစဉ်ထားတာတွေကလည်း ဖြစ်မလာတော့...အေးအေးဆေးဆေးလျှောက်လာတဲ့ ခြေလှမ်းတွေကလည်း သူတို့နားရောက်သွားမှ ယိုင်ချင်သလိုလိုဖြစ်လာသည်။

"ဂျွန် ဘာဖြစ်လာတာလဲ နေမကောင်းဘူးလား"

ကိုကြီးဆော့ဂျင်တို့ဆိုတာ ဒီလိုပါပဲ။ဂျွန့်ကိုတော့ ညီမလေးအရင်းတစ်ယောက်လို ချစ်ရှာတာ။မျက်နှာလေးနည်းနည်းညှိုးသွားပြီ ဆိုတာနဲ့ ဘာဖြစ်တာလဲ နေမကောင်းလို့လား စသဖြင့်ဂရုစိုက်ပေးကြသည်။တခါတလေ ပတ်ဂျီမင်ဆိုတဲ့ brotherက ကိုယ့်အစ်ကိုမှ ဟုတ်ရဲ့လားဆိုတာ စဉ်းစားမိသေးတယ်။အတန်းဆိုတာလည်း လစ်သလားမမေးနဲ့ ကိုယ့်ညီမအနားမှာ ရှိမယ်မကြံဘူး။

Ko Ko Jung (ကိိုကိုဂျောင်)  ||Completed||Место, где живут истории. Откройте их для себя