"ဂျွန် ဂျွန်!!! ထတော့ နေဖင်ထိုးနေပြီ အချိန်ကိုလည်းကြည့်ဦး"
မနက်စောစောစီးစီး ကိုလေးကတော့ ဇာတ်လမ်းစပြီ။အိပ်နေတာကို အခန်းထဲဝင်လာကာ အော်နေတယ်တဲ့။
"ဟာ...ကိုလေးရာ အိပ်ချင်သေးတယ် ကျောင်းပိတ်နေတာကို"
"ဟဲ့ ဂျောင်ကုကိုနင်ခေါ်ထားတာမလား ဟိုက အောက်မှာရောက်နေပြီ"
"မသိဘူး အိပ်ဦးမှာပဲ"
"ဟဲ့ နင်ပဲ သူနဲ့ကုမ္ပဏီလိုက်သွားချင်လို့ဆို"
"ဟာ...မသိဘူး မလိုက်ဘူး မလိုက်ဘူး သွားတော့ကွာ"
ဂျွန် ဆောင်ကိုခေါင်းထိဆွဲခြုံလိုက်ကာ ပြန်အိပ်တော့သည်။
~~~
"သူ မထဘူးappa အိပ်ချင်လို့တဲ့"
ဂျီမင်အောက်ပြန်ဆင်းလာတော့ appaနဲ့ဂျောင်ကုတို့ ဧည့်ခန်းထဲတွင်ထိုင်နေကြသည်။
"ဒီကလေးမကလေ ခေါ်တုန်းကခေါ်ထားပြီး အားနာရအောင်လို့"
"ရပါတယ် အန်ကယ် သူအိပ်ချင်နေတာဆိုတော့ မလိုက်လည်းရပါတယ် အားလည်းမနာပါနဲ့ဗျာ ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်ဗျ"
"အေးအေး ဖြေးဖြေး"
"ဂျီမင် ဒါဆို appaတို့လည်းအလုပ်သွားတော့မယ် မင်းညီမ ထရင် ကြည့်ကြပ်ပြောလိုက်ဦး"
"ဟုတ် ဖေဖေ"
.
.
.ဂျောင်ကုနဲ့ appaတို့ထွက်သွားပြီး ခနကြာတော့ ဂျီမင်တစ်ယောက် ဂျွန့်အခန်းထဲဝင်ပြန်ပြေးဝင်သွားတော့သည်။
"ဖြန်း!!!"
"အား!!!!"
"စွတ်အော်မနေနဲ့ ဖေကြီးတို့အလုပ်သွားပြီ ငါပဲရှိတာ ဆူမယ့်သူလည်းမရှိဘူး"
ဂျီမင် သူ့ညီမရဲ့ ကျောကိုရိုက်လိုက်တာပင်။
"ကိုလေးလည်း စွတ်မရိုက်နဲ့လေ ကျောတွေနာကုန်ပြီ"
"နင် တစ်သက်လုံးအိပ်ယာထဲကမထတော့ဘူးလား"
"အိပ်ချင်ပါတယ်ဆို"
"အချိန်ကိုကြည့် ၈နာရီထိုးနေပြီ"
"ထိုးထိုးပေါ့"
![](https://img.wattpad.com/cover/248600936-288-k21138.jpg)
VOCÊ ESTÁ LENDO
Ko Ko Jung (ကိိုကိုဂျောင်) ||Completed||
FanficJungkook x Oc ပထမဆုံးရေးတဲ့ficလေးမို့ ပေါက်ကရတွေဖြစ်နိုင်ပါတယ်။