10

746 59 2
                                    

"ဝါး..."

ဂျွန်အိပ်ယာက နိုးလာလို့ သန်းကာ အညောင်းဆန့်နေမိသည်။ထို့နောက် ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်ပြီး အောက်ထပ်သို့ဆင်းလာသည်။

"morning သမီးရေ"

"morning ဖေကြီး"

ဧည့်ခန်းထဲမှာ ထိုင်ရင်းသတင်းစာဖတ်နေတဲ့ဖေဖေက ကိုယ့်အားစကားဆိုလာတာပင်။

"ဒီနေ့  စောစောထလို့ပါလား ကျောင်းဖွင့်ရင်ကျ နောက်ကျမှထတယ်"

ဟုတ်တယ်။ဒီနေ့က ကျောင်းပိတ်ရက်ရဲ့ ပထမရက်ပေါ့။ဒုတိယနှစ်ဟာလည်း ဘယ်လိုကုန်သွားလိုက်မှန်းမသိလိုက်။

"ဟီး...ဖေကြီးကလည်း ကျောင်းသားဆိုတာ အဲ့လိုပဲ ဖေကြီးရဲ့"

"ဟုတ်ပါပြီ လာလာ မနက်စာဖေကြီးနဲ့တူတူဝင်စားလိုက်"

"nae..."

ဂျွန်နဲ့ ဖေကြီး ထမင်းစားပွဲတွင်ဝင်ထိုင်ကာ မနက်စာစားနေကြသည်။

"ကိုကြီးရော"

"ကိုကြီးက အလုပ်သွားပြီ"

"ဟင်..စောလိုက်တာ"

"မစောပါဘူး သမီးရဲ့ ခါတိုင်းလည်း ဒီအချိန်ပဲသွားနေကျ သမီးတို့က အိပ်ယာထနောက်ကျနေလို့"

"ဟီး...သမီးလည်း သိဘူးလေ"

"ထားလိုက်ပါ ပြီးတော့ ဖေဖေပြောစရာရှိတယ် ညနေ ဂျောင်ကုတို့အိမ်က ထမင်းစားဖိတ်ထားလို့ ဖေကြီးတို့၄ယောက်လုံးသွားရမယ်"

"ဟင် လာပြန်ပြီလား"

"ခုမှ သွားတာကို ဘာလာပြန်ပြီလားလဲ ကိုလေးကိုလည်းပြောထားလိုက် ကိုကြီးကတော့ သိပြီးပြီ ညနေ၅နာရီလောက်သွားမှာမို့ ပြင်ဆင်ထားနော်"

"nae...."

ဖေဖေမှာစရာရှိတာမှာပြီးတာနဲ့ မနက်စာဆက်စားနေကြသည်။

"ဒါဆို ဖေကြီးသွားတော့မယ်"

"nae  ဖြေးဖြေးသွားပါ"

ဖေဖေထွက်သွားပြီးတာနဲ့ ဂျွန် စားတာ လက်စသတ်လိုက်ပြီး သိမ်းစရာရှိတာ သိမ်းကာ အခန်းထဲပြန်သွားတော့သည်။အခန်းထဲမှာဂိမ်းဆော့နေရင်းပျင်းတာနဲ့ ကိုလေးနားသွားရှုပ်ဖို့ပြင်တာပေါ့။ဖေကြီးကလည်း ညစာသွားစားဖို့ပြောခိုင်းထားတယ်မဟုတ်လား။

Ko Ko Jung (ကိိုကိုဂျောင်)  ||Completed||Место, где живут истории. Откройте их для себя