ဂျောင်ကုအလုပ်ကိုနေ့တိုင်းလိုက်နေတာ ဘာလိုလိုနဲ့ တစ်လတောင်ပြည့်တော့မယ်။ဟိုတစ်ခေါက်က အဖွဲ့မှူးဆိုတဲ့တစ်ယောက်နဲ့ကိစ္စဖြစ်ပြီးတော့ ကုမ္ပဏီကဝန်ထမ်းတွေနဲ့ ကိုယ်နဲ့ပိုရင်းနှီးသွားကြသည်။အကြောင်းကတော့ အဲ့အဖွဲ့မှူးဆိုတဲ့မိန်းမက သူ့ကိုယ်သူအထင်တွေတအားကြီးပြီး လက်အောက်ငယ်သားတွေကိုကျအလုပ်တွေအရမ်းခိုင်းတယ်တဲ့။မျက်နှာရအောင်ကျသူတစ်ယောက်ထဲလုပ်နေသည်ဆိုလားပဲ။အဲ့တာကို မပြောရဲကြလို့ ပြောချင်နေကြတာ ကြာပြီတဲ့လေ။သူ့ကြည့်တာနဲ့ စရိုက်တွေကို မြင်နေရပါတယ်။
ကုမ္ပဏီမှာ ပတ်ပြီးစကားတွေများလိုက်နဲ့ ဝန်ထမ်းတစ်ချို့ဆို ဂျွန့်ကြောင့် ဂျောင်ကုဆူတာ ခဏခဏခံရတယ်။အကြောင်းအရင်းက သူတို့အလုပ်ကောင်းကောင်းမလုပ်လို့တဲ့လေ။
ဂျွန်ဂျောင်ကုအလုပ်လုပ်တိုင်းလည်း သီချင်းတွေအကျယ်ကြီးဖွင့်တာနဲ့ ထယ်ဟွန်းအားတဲ့အချိန်ဆို စကားတွေခေါ်ပြီးပြောလိုက်နဲ့ တစ်လလုံးနေ့တိုင်း လိုလိုသူအလုပ်မရအောင်လိုက်နှောင့်ယှက်နေမိသည်။အဲ့လိုလုပ်နေပေမယ့် ဘာမှတော့မပြောလာသေး သက်ပြင်းတွေချနေတာတော့ကြားမိပါတယ် ခဏခဏပဲ။မရမချင်းကို လိုက်နှောင့်ယှက်မှာက ဂျွန့်အလုပ်ပဲလေ။အခုလည်း သူအစည်းအဝေးရှိတယ်ပြောတယ်။ဖျက်ရဦးမှာပေါ့။
"ဂျောင်ကုရှီ..."
ဇာတ်လမ်းကြည့်နေရင်း ဖုန်းကိုပိတ်ပြီးဆိုဖာပေါ်မှထကာ သူ့အနားသွားလိုက်သည်။
"ပြောလေ ဂျွန်"
အလုပ်လုပ်နေရင်း ကိုယ့်အားပြန်ဖြေလာသည်။
"ဒီနေ့ ဂျွန့်ကို ကစားကွင်းလိုက်ပို့ပေးလို့ရလား"
"နက်ဖြန်မှသွားပါလား ဂျွန် ကိုယ်ဒီနေ့အစည်းအဝေးရှိတာရယ် မနက်ဖြန်ဆို နားရက်လည်းဖြစ်လို့လေ"
"မရဘူး ဂျွန်ဒီနေ့ပဲသွားချင်တာ မနက်ဖြန်ဆိုတာ သေချာတဲ့အရာမဟုတ်ဘူး"
အမှန်တော့ မနက်ဖြန်ဆိုပိုပြီး အေးဆေးတာပေါ့။ဒါပေမယ့်လည်း သူ့အစည်းအဝေးကိုဖျက်ရမယ်မလား။
![](https://img.wattpad.com/cover/248600936-288-k21138.jpg)
ESTÁS LEYENDO
Ko Ko Jung (ကိိုကိုဂျောင်) ||Completed||
FanficJungkook x Oc ပထမဆုံးရေးတဲ့ficလေးမို့ ပေါက်ကရတွေဖြစ်နိုင်ပါတယ်။