16

616 51 4
                                    

စားသောက်ဆိုင်သို့ရောက်သည်နှင့် နေရာအသီးသီးယူကာ စားဖို့မှာကြရင်း CEOတွေကတော့ CEOဆိုသည့်အတိုင်းပင် အလုပ်ကိစ္စပြောနေကြတာပေါ့။ဒီအချိန်မှာတော့ ကိုယ်က ဘာမှမသိတဲ့ ပေါက်စတစ်ယောက်လိုဖြစ်နေတာ။

"အကုန်လုံးက CEOတွေကြီးပဲဆိုတော့ ရင်းရင်းနှီးနှီးပဲခေါ်ကြတာပေါ့"

ဂျွန်ဂျောင်ကုပြောလိုက်တာပင်။

"ဟုတ်တယ် ဟုတ်တယ် Annaလည်း အနေရခက်တယ်ရယ် ဟီး..."

ထိုအမျိုးသမီးကပါ ဝင်ထောက်ခံသည်တဲ့လေ...။

"ကောင်းတာပေါ့ နေရမခက်တော့ဘူး ပြီးတော့ သူငယ်ချင်းလိုနေကြတာပေါ့"

"Annaနဲ့ ဂျောင်ကုနဲ့က LAမှာကတည်းက ခင်ကြတာဆိုတော့ ကိစ္စမရှိပေမယ့် Hoseokနဲ့YoonGiတို့နှစ်ယောက်နဲ့သာ အဆင်ပြေအောင် နေရမှာ"

"LAမှာ ခင်ကြတာဆိုတော့ တော်တော်ခင်နေမှာပဲနော်"

"အာ...ကျောင်းနေဖက်တွေဆိုတော့လေ"

ဂျောင်ကုနဲ့ ဟိုအမျိုးသမီးကလည်း ပြုံးရယ်ပြီးပြောနေလိုက်တာများ ဂျွန်ဂျောင်ကုဆို ကိုယ်ရှိတယ်ဆိုတာရောထင်ရဲ့လားမသိဘူး။ကြာလာတော့ သူတို့စကားဝိုင်းထဲ ကိုယ်တောင် မျက်စိ ကလည်ကလည်နဲ့လိုက်ပဲကြည့်နေနိုင်တော့တယ်။

"ဂျွန်ရော ကျောင်းပြီးရင် ဘာလုပ်မယ်စဉ်းစားထားလဲဟင်"

ဟိုဆော့oppaကတော့ ကိုယ်ပျင်းနေတာ သတိထားမိတယ်ထင်တယ်။စကားစလာသည်။

"ဟီး...ဂျွန်က ခုမှ ဒုတိယနှစ်ပဲပြီးသေးတယ်ရယ် ပြီးတော့ ယူထားတဲ့ majorက ဖေဖေတို့ ကိုကြီးတို့အလုပ်နဲ့လည်း မဆက်စပ်ဘူးဆိုတော့ ဝါသနာအရပဲ သွားမိမယ်ထင်တယ်"

"pizza ဆိုင်မှာတွေ့ပြီးကတည်းက လာလည်မလို့ပဲ အခု projectနဲ့ဆိုတော့ ပိုအဆင်ပြေသွားတာပေါ့ လာလည်ဖို့"

"အာ...မဟုတ်တာ ဒီတိုင်းလည်း လာလည်လို့ရပါတယ်"

Pizzaဆိုင်က ဓာတ်ပုံထဲကယောက်ျားလေးက ဟိုဆော့ဆိုတာကို ဂျောင်ကုတွေးလိုက်မိသည်။

ထို့နောက် မှာထားတဲ့အစားအစာတွေ ရောက်လာတော့ စားကြသောက်ကြရင်း စကားပြောကြရင်းနဲ့ ပြီးသွားကြသည်။

Ko Ko Jung (ကိိုကိုဂျောင်)  ||Completed||Wo Geschichten leben. Entdecke jetzt