19

690 59 12
                                    

တနင်္လာနေ့...ဒီနေ့ဟာ အရင်လို ဂျွန်ဂျောင်ကုဆိုတဲ့လူကြီးနောက်လိုက်ပြီး သူ့ကို လိုက်နှောင့်ယှက်ဖို့နေ့ကို ပြန်ရောက်လာခဲ့ပြီ။ အစတုန်းကစီစဉ်ထားသည်က သူ့ကိုလိုက်နှောင့်ယှက်ပြီး စိတ်ကုန်အောင်လုပ်ကာ လက်ထပ်ပွဲကိုဖျက်ဖို့ပင်။အခုတော့ အဲ့အတွေးတို့ဟာ တစစီဖြစ်သွားတဲ့အပြင် ကိုယ်သူ့ကိုချစ်မိနေပြီဆိုတာကိုပါ သိလိုက်ရတယ်။

မမMinaသင်ပေးထားတဲ့အတိုင်း မိတ်ကပ်ကိုလိမ်းလိုက်သည်။ထို့နောက် ပေါင်လယ်လောက်ရှိတဲ့ ပန်းနုရောင် ကိုယ်ကပ် လက်ပြတ်ဂါဝန်လေးအားဝတ်လိုက်သည်။ဖယောင်းသွင်းထားတဲ့ ကျောလယ်လောက်ရှိတဲ့ ဆံပင်တွေကိုအသာဖြန့်ချလိုက်သည်။ ထို့နောက် မနေ့ကမှ ဝယ်လာတဲ့ လက်ကိုင်အိတ်အသစ်လေးအား ထုတ်လိုက်သည်။

မှန်ကိုနောက်တစ်ချက်ပြန်ကြည့်တော့ နှုတ်ခမ်းနီကဖျော့နေသည်မို့ နှုတ်ခမ်းနီလေးအား အပေါ်ကနေ ပါးပါးလေးထပ်ဆိုးလိုက်သည်။ဒီလောက်ဆို perfect !! စိတ်ထဲမှာကတော့ ဂျွန်ဂျောင်ကု သဘောကျပါ့မလား ဆိုတဲ့ စိတ်နဲ့အတူပေါ့။ထို့နောက် အတွေးတွေကို လက်စသတ်ကာ အခန်းထဲကထွက်ခဲ့လိုက်တော့သည်။

အောက်ရောက်တော့ ဖေဖေရယ် ကိုကြီးနဲ့ကိုလေးရယ်။အမယ် လူစုံလို့ပါလား ဒီနေ့တော့။

"ဖေကြီးရဲ့ သမီးလေးကလှလိုက်တာ အရင်ကဂျွန်မှ ဟုတ်ရဲ့လား"

"မဟုတ်ဘူး အခုက တစ်ယောက်ယောက်ရဲ့ အနာဂတ်သတို့သမီးလောင်းလေး"

ကိုယ် စနောက်ကာပြောမိသည်။

"ဂျွန်ဂျောင်ကုလား"

ကိုကြီးက ဝင်မေးလာသည်။

"မသိဘူးလေ"

"အမယ် အခုတော့ ချစ်မိနေပြီပေါ့"

ကိုလေးကပါ ဝင်ပြောလာသည်။

"အဲ့မှာ ပေါင်းပြီးစနေလိုက်ကြ"

"ဟားဟား ကဲပါ မနက်စာစားကြတာပေါ့"

ထမင်းစားခန်းထဲမှာ မိသားစုစုံစုံလင်လင်နဲ့ မနက်စာစားကြရင်း~

"ခဏနေ ဂျောင်ကု လာကြိုလိမ့်မယ်နော် သမီး"

"nae ဖေကြီး"

Ko Ko Jung (ကိိုကိုဂျောင်)  ||Completed||Место, где живут истории. Откройте их для себя