Chapter 18

343 50 4
                                    

Zawgyi

ယွင်ရှီးက လော်မင်ယိကို မျက်နှာချင်းဆိုင်ဖို့ အားနာနေသေးပေမယ့် ရိုသေသမှုဖြင့် ကိုယ်ကိုအနည်းငယ်ကိုင်းရင်း နှုတ်ဆက်လိုက်သည်။

"ယွီအာ… အခြေအနေတွေက အခုလိုဖြစ်ခဲ့ပြီဆိုတော့ မင်း ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် မင်းသဘောပါ… ၊ ဒါပေမဲ့…"

လော်သခင်ကြီးက မျက်လွှာအသာချထားသည့် ယွင်ရှီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။

"ယန်အိမ်တော်ကလူတစ်ယောက်နဲ့ ပတ်သက်တော့မယ်ဆိုရင်တော့ မင်း သေသေချာချာ ပြန်စဉ်းစားစေချင်တယ်…"

ဖေးယွီ ယွင်ရှီး၏လက်ဖျားလေးများကို အသာဆုပ်ကိုင်လိုက်ရင်း…

"ပါး… ဒါပေမဲ့ အစ်ကိုယွင်ရှီးက …"

ဖေးယွီစကားမဆုံးမီ လော်သခင်ကြီးက လက်ကာပြလိုက်သည်။

"ပါးက ဖြေရှင်းချက်တောင်းနေတာ မဟုတ်ဘူး ၊ သားကို စဉ်းစားခိုင်းနေတာပါ… ၊ ပြီးတော့ သားအမေ ရူချင်းရဲ့ ဆေးကုသစရိတ်တွေအားလုံးကို ပါးတို့ပဲ ဆက်ပြီးတာဝန်ယူမယ် ၊ ရှောင်မေလေးကို တရားဝင်မွေးစားနိုင်ဖို့လည်း ပါးတို့ဘက်က စီစဉ်သွားမယ်…"

လော်မင်ယွိပြောနေသည့်စကားများကိုယွင်ရှီး တစ်လုံးမှ နားမလည်ခဲ့ပေ။

သူက ဘာအဓိပ္ပါယ်တွေလဲဆိုသည့်အကြည့်ဖြင့် ဖေးယွီမျက်နှာကို လှမ်းကြည့်လိုက်သည်။

//ချန်မားက ဘာလို့ ဖေးယွီရဲ့ အမေဖြစ်နေရတာလဲ ၊ ပြီးတော့ ရှောင်မေကို ဘာလို့ သူ့ဆီက ခေါ်သွားကြမှာလဲ… ၊ လော်သခင်ကြီးက ဘာဖြစ်ချင်တာလဲ…//

သူက သတင်းထောက်လော်ထျန်းယွီကို မသတ်ခဲ့ဘူးဆိုတာတောင် သူ့အပေါ် လော်အိမ်တော်က လက်ခံမပေးနိုင်သေးဘူးလား။

"မန်နေးဂျင်းယန်…"

လော်သခင်ကြီး၏ခေါ်သံကြောင့် ယွင်ရှီး လော်သခင်ကြီးကို မော့ကြည့်လိုက်သည်။

"ငါတို့အနေနဲ့ မင်းတို့ ယန်အိမ်တော်နဲ့ မပတ်သက်ချင်ဘူး… ၊ ပြီးတော့ ဖေးယွီက အနာဂတ်ရှိတဲ့ လူငယ်တစ်ယောက်ပါ ၊ မင်း တကယ်ပဲ ဖေးယွီအပေါ် မေတ္တာထားတယ်ဆိုရင် သူ့ကို လက်လွှတ်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်… ၊ ပြီးတော့… ရူချင်းနဲ့ ရှောင်မေကို စောင့်ရှောက်ပေးခဲ့တာတွေအတွက် ဒီနှစ်တွေအတွင်း မင်းကျခံခဲ့တဲ့ ကုန်ကျစရိတ်တွေ ငါတို့ဘက်က အကုန်ပြန်ပေးမယ်…"

I'll Keep You Safe (FYX Fanfic) (Completed)Where stories live. Discover now