Chapter 19

349 56 9
                                    

Zawgyi

ယွင်ရှီးက သူ၏ Silver Ice Chevrolet ကားလေးနှင့် ယန်အိမ်တော်သို့ ရောက်လာခဲ့သည်။

ဖေးယွီဖုန်းဆက်ပေမယ့် သူ မကိုင်ဖို့ ဆုံးဖြတ်လိုက်သည်။

ကျားခံတွင်သို့ဝင်ရသည့်အခါ ချစ်ရသူကို ဒုက္ခမရောက်စေချင်တော့ပေ။ ပြီးတော့ သူက ယန်သခင်ကြီးနဲ့တွေ့ဖို့ ဆုံးဖြတ်ပြီးကတည်းက သူ့ကိုယ်သူ သေလူအဖြစ်သတ်မှတ်ထားခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ဖေးယွီကို သူ့ကြောင့်တော့ဖြင့် တစ်စုံတစ်ခု အနာတရဖြစ်ရမည်ကို မလိုလားပေ။

ယန်အိမ်တော်ခြံဝန်းထဲရောက်သည်နှင့် သူ့ကားလေးကို ယန်သခင်ကြီး၏လူများက သေနတ်ဖြင့်ချိန်ကာ တားဆီးလိုက်ကြသည်။

ယွင်ရှီး လက်ကိုအသာမြှောက်ရင်း ကားထဲမှ ဆင်းလိုက်သည်။

အိမ်တံခါးဝတွင် ယန်သခင်ကြီးက သူ့ကို အသင့်စောင့်ကြိုနေလေသည်။ နှုတ်ခမ်းထက်မှာတော့ ထူးဆန်းသည့်အပြုံးကို ဆင်မြန်းလို့ပေါ့။

"ရှီးအာ… ရှီးအာ… မင်းကို ငါမွေးထားတာပါ ၊ မင်းက ငါ့လက်က လွတ်မယ်ထင်နေလို့လား…"

"လော်သခင်ကြီးနဲ့လော်သခင်မကြီးရော… သူတို့ကို ဘာမှမလုပ်ပါနဲ့…"

ယွင်ရှီး တောင်းပန်ရင်း ယန်သခင်ကြီးမျက်ဝန်းများထဲမှာ တစ်စုံတစ်ခုကို ရှာဖွေမိသည်။

//တကယ်ဆို ယန်သခင်ကြီးက သူ့ကို ငယ်ငယ်ကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့သူပဲ…။ သူ့အပေါ်မှာ သံယောဇဉ်လေးနည်းနည်းလောက်များရှိနိုင်မလား သူ သိချင်ခဲ့မိတာ…။ သို့ပေမဲ့… ယွင်ရှီး ရှာဖွေမတွေ့ခဲ့ပါ။//

ယန်သခင်ကြီးက မျက်ရိပ်ပြလိုက်သည်နှင့် M4 Carbine သေနတ်ကိုင်ထားသူတစ်ယောက်က ယွင်ရှီး၏ ဒူးအနောက်ပိုင်း တံတောက်ခွက် နေရာကို သေနတ်ဖြင့် ရိုက်ချလိုက်လေသည်။

"အား…"

"သူ့ကို ခေါ်လာခဲ့…"

လမ်းမလျှောက်နိုင်တော့တဲ့ ယွင်ရှီးကို ယန်သခင်ကြီး၏လူနှစ်ယောက်က ဆွဲခေါ်လာခဲ့ကြသည်။

သူတို့ရောက်ရှိလာသည်က ယန်အိမ်တော်ကြီးရဲ့ မြေအောက်ခန်းတစ်နေရာ…။

I'll Keep You Safe (FYX Fanfic) (Completed)Where stories live. Discover now