Chapter 17

330 47 2
                                    

Zawgyi

အသံဖမ်းစက်ခလုတ်လေးကိုဖွင့်လိုက်တော့ ဖေးယွီကြားလိုက်ရသည်က…

"ကျန်းဝေ... မင်း ဟိုမိန်းကလေးကို သတ်လိုက်တာလား..."

"နိုးပါ... အဲဒီမိန်ကလေးကို မင်းသတ်လိုက်တာ မဟုတ်ဘူးလား...."

"မင်း..."

"ထိုင်ပြီး အေးအေးဆေးဆေးပြောရအောင် ရှီးအာ...."

"သားရဲ့ညီလေး အကြောင်းလည်းသိရဲ့သားနဲ့... အမြဲတမ်း မဆင်မခြင်လုပ်တတ်တာလေ...၊ သာမန် သတင်းထောက်တစ်ယောက်သေတာ ဘာအရေးလဲ... ဒါပေမဲ့ အခုကိစ္စက Leo Group နဲ့ သွားပတ်သက်နေလို့ နည်းနည်းရှုတ်ကုန်တာ....၊ သားကပဲ ဖြေရှင်းပေးပါဦး..."

"ကျွန်တော် ဘယ်လိုဖြေရှင်းပေးရမှာလဲ... ပါး...."

"ဒီမနက်ပဲ ချောင်ဝိုက်လမ်းက ဂိုထောင်ကို သားနာမည်နဲ့ ပြောင်းထားလိုက်ပြီ.... ၊ သက်ဆိုင်ရာကရောက်လာရင် သားပဲ ကြည့်လုပ်လိုက် ၊ ဒီကိစ္စ ကျန်းဝေ နာမည်မထွက်ပါစေနဲ့..."

"ကျွန်တော်က ကျန်းဝေအစား တရားခံ ဖြစ်ပေးရမှာလား..."

"ရှီးအာ... မင်းကလည်း အတွေးလွန်ပြန်ပြီ... ၊ ချောင်ဝိုက်လမ်းက ဂိုထောင်အမည်ပေါက်က မင်းနာမည်နဲ့ ဖြစ်နေတာနဲ့ ဘယ်ရဲမှ လာထိရဲကြမှာမဟုတ်ဘူး... ၊ တစ်ခါတည်း အမှုပိတ်သွားမှာ..."

"ဒါပေမဲ့ နောက်ပိုင်း ဒီအမှုကို ပြန်စစ်ဆေးကြရင် တရားခံက ကျွန်တော်ပေါ့...."

"ဒါတော့ဒါပေါ့... ရှီးအာ...၊ မင်းကို ခေါင်းခံခိုင်းသလိုဖြစ်နေပေမယ့်... ကျန်းဝေက မင်းညီလေးပဲလေ... ၊ ပါး... မျက်နှာထောက်ပြီး မင်း ကူညီပေးပါဦး... ၊ ပြီးတော့ သက်သေမရှိသရွေ့ မင်းထောင်မကျနိုင်ပါဘူး..."

(အတန်ကြာတိတ်ဆိတ်သွားပြီးမှ…)

"ကောင်းပါပြီ... ပါး..."

"ဒီလိုမှပေါ့... ရှီးအာလိမ္မာပြီးသားဆိုတာ ပါး သိပါတယ်..."

(သက်ပြင်းချလိုက်သံ သဲ့သဲ့)

"ပါး... ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး...."

"ဟုတ်ပြီ... ရှီးအာ..."

(တစ်စုံတစ်ခုရွေ့လျားလိုက်သံ… လူတစ်ယောက် ထိုင်နေရာကနေ ထလိုက်သလိုမျိုး)

I'll Keep You Safe (FYX Fanfic) (Completed)Tahanan ng mga kuwento. Tumuklas ngayon