Chapter 4

402 67 18
                                    

Zawgyi

ရှောင်မေလေးကို အိမ်ပြန်လိုက်ပို့ပြီး ယွင်ရှီး ဖေးယွီကို ဆေးခန်းခေါ်လာခဲ့သည်။

ဖေးယွီဒဏ်ရာတွေက ပြင်းထန်ပေမယ့် ဆိုးဆိုးရွားရွားထိခိုက်သွားတာမျိုးတော့မရှိ...။

"မင်း ဘယ်မှာနေတာလဲ... ၊ ငါ အိမ်ကိုလိုက်ပို့ပေးမယ်လေ..."

"ကျွန်တော်.... လောလောဆယ် ၀မ်ဖူကျင်းလမ်းက Hilton ဟိုတယ်မှာတည်းတာ... "

"မင်းက ပေကျင်းက မဟုတ်ဘူးလား..."

ဖေးယွီက ပခုံးတစ်ချက်တွန့်လိုက်ရင်း....

"မဟုတ်ဘူး... ကျွန်တော် တရုတ်ပြည်ရောက်တာတောင် တစ်ပတ်ကျော်လောက်ပဲ ရှိသေးတယ်..."

"ဒါဖြင့် ကိုယ်မင်းကို ဟိုတယ်ကို လိုက်ပို့ပေးမယ်လေ..."

ကြည်ကြည်လင်လင်မျက်ဝန်းလေးတွေနဲ့ သူ့ကိုကြည့်ရင်း ပြောလာတဲ့ ယွင်ရှီးကြောင့် ဖေးယွီရင်ထဲမှာ နင့်ကနဲ ခံစားလိုက်ရသည်။

ကိုကိုရာ... တကယ်ဆို ကျွန်တော်တို့ရဲ့ ပြန်လည်ဆုံတွေ့ခြင်းဟာ ရင်ခုန်စရာ ကောင်းနေရမှာ...။ အခုတော့ ဘယ်လိုကြောင့် ကိုကိုနဲ့ ကျွန်တော်က ရန်သူတွေ ဖြစ်နေရတာလဲဗျာ...။

ဟိုတယ်ရှေ့ရောက်တော့....

"ဒီညကောင်းကောင်းနားလိုက်နော်... မနက်ဖန် ဆေးခန်းထပ်သွားဖို့ လာခေါ်မယ်... ၊ ငါ့ကိုမင်းရဲ့ ဖုန်းနံပါတ်လေးပေးပါဦး..."

ဖေးယွီက ဖုန်းနံပါတ်ပြောပြလိုက်တော့ ယွင်ရှီးက သူ့ contact ထဲ save နေရင်း...

"ခုထိ နာမည်မသိရသေးဘူး...."

"အာသာ ချန်..."

"အိုကေ... ကိုယ့်နာမည်က ယွင်ရှီး... ယန်ယွင်ရှီး..."

"ဟုတ်... တွေ့ရတာဝမ်းသာပါတယ် မစ္စတာယန်..."

"ကိုယ့်ကိုယွင်ရှီးပဲ ခေါ်ပါ ... ၊ ကိုယ်တို့ မိတ်ဆွေတွေဖြစ်ခွင့်ရှိတယ် မလား..."

အခုမှတွေ့တဲ့ ကောင်လေးတစ်ယောက်ကို ဘာလို့ ရင်းရင်းနှီးနှီးစကားတွေသွားပြောနေမိပါလိမ့်....။

ဒါပေမဲ ဒီကောင်လေးကို တစ်နေရာရာမှာ မြင်ဖူးနေသလို ခံစားရပြီး စိတ်ထဲမှာလည်း တကယ်ရင်းနှီးနေသလိုပင်...။

I'll Keep You Safe (FYX Fanfic) (Completed)Donde viven las historias. Descúbrelo ahora