Chapter 21

364 50 4
                                    

Zawgyi

ထိုနေ့က ယန်အိမ်တော်တွင် ယွင်ရှီး သတိလစ်မေ့မျောသွားသည့် နောက်ပိုင်း…

ဖေးယွီက လော်သခင်ကြီးနှင့် လော်သခင်မကြီးကို ကြိုးဖြေပေးလိုက်ပြီး ယွင်ရှီးကိုပွေ့ချီလိုက်လေသည်။

ချီယန်က ယန်ကျန်းဝေကို သေနတ်ဖြင့်ချိန်ထားပြီး…

"ဖေးယွီ… မင်းတို့ ကားဆီရောက်အောင် အရင်သွား… "

ဖေးယွီ ချီယန်ကို ကူညီချင်ပေမယ့် သူ့အခြေအနေကလည်း မိဘတွေနဲ့ ယွင်ရှီး လွတ်မြောက်ဖို့သာ အဓိကဖြစ်နေတာကြောင့် ချီယန်ကို ကျေးဇူးတင်သည့်အကြည့်တစ်ချက်ဖြင့်သာ တုံ့ပြန်လိုက်နိုင်သည်။

ချီယန်က…

"အရင်သွားနှင့်… ငါ အခြေအနေကြည့်ပြီး ဆက်လုပ်လိုက်မယ်…"

"အစ်ကိုချီယန်… ဂရုစိုက်ပါ…"

ပြောပြီး ဖေးယွီ မိဘတွေနဲ့ ယွင်ရှီးကို ကားပေါ်တင်ကာ ထွက်ခွာတော့မည့်အချိန်…

"မင်း… ငါ့သားကို လွှတ် ၊ မဟုတ်ရင် မင်းကို ငရဲပြည်ပို့လိုက်မယ်…"

ယန်သခင်မကြီးက ချီယန်ကို အနောက်မှ သေနတ်ဖြင့် ချိန်ထားရင်း ပြောလိုက်ခြင်းဖြစ်သည်။

ဖေးယွီက ချီယန်အတွက်စိတ်ပူသွားရသည်။

"ပါး… ပါး ကားမောင်းပြီး မားနဲ့ ကိုကိုနဲ့ကို ခေါ်သွားပေးပါ ၊ ကျွန်တော် အစ်ကိုချီယန်ကို တစ်ယောက်တည်းထားခဲ့လို့ မဖြစ်ဘူး…"

"ယွီအာ… သား…"

လော်သခင်မကြီးက တစ်စုံတစ်ခုကို စိုးရိမ်သည့်အလား ဖေးယွီကို လှမ်းခေါ်လိုက်ပေမယ့် ဖေးယွီက မားပြောမည့်စကားတွေကို နားမထောင်တော့ဘဲ ကားပေါ်မှ ဆင်းလိုက်သည်။

အဲဒီအချိန်မှာပဲ ယန်သခင်ကြီးက သေနတ်ကို ဖေးယွီရှိရာသို့ ချိန်လိုက်သည်။

"ချီယန်… မင်း ငါ့သားကို လွှတ်ပေး ၊ မဟုတ်ရင်… မင်းတို့ နှစ်ယောက်လုံးကို သတ်ပစ်မယ်…"

ချီယန်က…

"ဟက်… ယန်ကျန်းဝေကို လွှတ်ပေးပေး မပေးပေး ခင်ဗျားက ကျုပ်တို့ကို သတ်မှာပဲလေ ၊ ခင်ဗျား စကားကို ယုံမယ်မထင်နဲ့… "

I'll Keep You Safe (FYX Fanfic) (Completed)Donde viven las historias. Descúbrelo ahora