Chapter 8

400 62 17
                                    

Warning 18+ content!

1) If you are under 18 , please kindly let me request not to read this part.

2) If you have any adult allergy, please don't read this part or read at your own risk!

Zawgyi

မူရမလိုလို ရှက်သလိုလိုနဲ့ နောက်ဆုံးတော့ ယွင်ရှီးတစ်ယောက် ဖေးယွီအခန်းထဲ ရောက်သွားတော့သည်။

တကယ်တမ်းဆိုရင်... ဖေးယွီရင်ခွင်ဆိုတာ သူအနေချင်ဆုံး နေရာတစ်ခုပဲ...။

ဖေးယွီရေချိုးခန်းထဲကထွက်လာတော့ ရေအရင်ချိုးပြီးသွားတဲ့ယွင်ရှီးက သူထုတ်ပေးထားတဲ့ တီရှပ်အဖြူနဲ့ short pants အနက်ရောင် လေးကို ၀တ်ထားလေသည်။

ဖေးယွီနဲ့ အသေးဆုံးဆိုတဲ့အ၀တ်အစားတွေက ယွင်ရှီးနဲ့ တော်တော်ကြီး ကြီးနေသေးတာ...။

ဖေးယွီက ယွင်ရှီးကို အနောက်တိုင်းဝတ်စုံတွေနဲ့ပဲ အမြဲတမ်းမြင်ခဲ့ဖူးတာဖြစ်လို့် ဒီနေ့လိုပုံစံလေးက မျက်ဝန်းထဲမှာ တစ်မျိုးထူးခြားလို့နေသည်။

တီရှပ်ပွပွလေးနဲ့... ရေခြောက်စပြုနေပြီဖြစ်တဲ့ ဆံပင်ဖွာဖွာလေးတွေက နဖူးပေါ်မှာဝဲကျပုံလေးက တကယ့် ကလေးလေးတစ်ယောက်လိုပင်...။

Short pants လေးဝတ်ထားတာကြောင့် ဖြူဖွေးသွယ်လျတဲ့ခြေထောက်လှလှလေးတွေက ဖေးယွီကို အကြည့်မလွှဲနိုင်အောင်ဖမ်းစားလို့နေသည်။

"အဲဒီမှာ ဘာရပ်လုပ်နေတာလဲ ၊ အင်္ကျီအမြန်ဝတ်လေ... အအေးပတ်ဦးမယ်..."

ရေချိုးခန်းတံခါးဝမှာရပ်နေတဲ့ဖေးယွီကို ယွင်ရှီးက လှမ်းကြည့်ကာ ပြောလိုက်မိခြင်း...။

ဒါပေမယ့် သဘက်ဖြူတစ်ထည်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းကိုပတ်ထားပြီး ရေစက်တွေစိုပြီး ဗလာကျင်းနေတဲ့ ဖေးယွီရဲ့ ကျစ်လစ်တဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုမြင်လိုက်ရတာကြောင့် ယွင်ရှီးအသံလေးတွေ အဖျားခတ်တုန်ယင်သွားကာ အဲဒီကောင်လေးဆီက ချက်ချင်းပဲ အကြည့်လွှဲဖယ်မိသည်။

ချယ်ရီရောင်သွေးလွှမ်းကာ မျက်နှာလွှဲသွားသူကြောင့် ဖေးယွီ ပြုံးလိုက်ရင်း ယွင်ရှီးအနားလျှောက်သွားလိုက်သည်။

"ကိုကို..."

"ဟင်..."

ယွင်ရှီးက ဖုန်းပွတ်နေတာမို့လို့ ဖေးယွီက ယွင်ရှီးလက်ထဲက ဖုန်းလေးကိုယူပြီး night stand ပေါ် လှမ်းတင်လိုက်သည်။

I'll Keep You Safe (FYX Fanfic) (Completed)Dove le storie prendono vita. Scoprilo ora