Prologue

1.2K 100 10
                                    

Zawgyi

ဖလော်ရီဒါ အလယ်ပိုင်း ၊ အော်လန်ဒို...

Disney Park ကို ခြေချလိုက်မိသည်နှင့် ဖေးယွီ စိတ်တွေပျော်ရွှင်လာမိသည်။

စတန်းဖို့ဒ်မှာ စီးပွားရေးအထူးပြုမေဂျာနဲ့ ငါးနှစ်လုံးလုံး ကျောင်းတက်ပြီးတဲ့နောက် အခုတော့ ဖေးယွီတစ်ယောက် အမိမြေဖြစ်သည့် တရုတ်ပြည်ကို ပြန်ရတော့မှာ ဖြစ်သည်။

တရုတ်ပြည်မပြန်ခင် Disney Park ကို တစ်ခေါက်လောက် လာပြီးလည်ပတ်ချင်မိသည်က သူ့အိပ်မက်ပင်။ Disney Park ကို လာပြီးလည်ပတ်ဖို့က သူငယ်ငယ်လေးကတည်းက မက်ခဲ့ရသည့် အိပ်မက်ပေပဲ။

ဒါပေမဲ့ ... Disney Park မှာ သူ့တစ်ဘ၀လုံး တန်ဖိုးထား မြတ်နိုးသွားရမယ့် Disney Prince လေးနဲ့ တွေ့မယ်လို့တော့ သူမျှော်လင့်မထားခဲ့မိတာ အမှန်ပင်။

"ညီလေး... အစ်ကိုတို့ကို ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးလို့ရမလားဟင်..."

စကားသံကြောင့် လှည့်ကြည့်လိုက်တော့ ကြည်လင်တဲ့မျက်ဝန်းလေးတွေနဲ့ အလှပဆုံးပြုံးရင်း သူ့ကိုကြည့်ကာ အကူအညီတောင်းလာသည့် လူငယ်လေးတစ်ယောက်။

လူငယ်ဆိုပေမယ့် ဖေးယွီထက်တော့ အနည်းငယ် အသက်ကြီးပုံရသည်။ ရွယ်တူလည်း ဖြစ်ချင်ဖြစ်နိုင်သည်။

သူ့ပုံစံက ဖေးယွီထက် အနည်းငယ် ရင့်ကျက်သယောင်ရှိသောကြောင့်သာ သူ့ထက်အသက်ကြီးနိုင်လောက်သည်ဟု ဖေးယွီက တွေးလိုက်မိခြင်းရယ်ပါ။

ပြီးတော့ အဲဒီလူသားလေးကို မြင်လိုက်ရတာနဲ့ လှပတဲ့ nick name လေးတစ်ခု သူ့ခေါင်းထဲ ဝင်လာတော့သည်။

တိမ်ဖြူလေး...။

အဲဒီ တိမ်ဖြူလေးရဲ့ အပြုံးတွေမြင်လိုက်ရရင်ပဲ ဒီကမ္ဘာပေါ်မှာ အဲဒီအပြုံးတွေထက် လှပသည့်အပြုံးတွေရှိမှာ မဟုတ်ဘူးလို့ ဖေးယွီ လက်ခံလိုက်မိသည်။

အဲဒီ Disney Prince လေးကို ဖေးယွီ သတိလက်လွတ် ငေးကြည့်နေမိဆဲ....

ဖေးယွီက မျက်လုံးအပြူးသားနဲ့ ငေးကြည့်နေတာမို့လို့ အဲဒီတိမ်ဖြူလေးကလည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ သူ့ကို ထပ်ပြုံးပြလိုက်ပြန်သည်။

I'll Keep You Safe (FYX Fanfic) (Completed)Onde histórias criam vida. Descubra agora